Top News

■ ကက်စီမီရိုကို ခေါ်ယူရန် အယ်လ်နာဆာအသင်း စီစဉ်နေ     
24htopnews | January 3, 2025 4:12 PM CST

အယ်လ်နာဆာအသင်းသည် မန်ယူအသင်းမှ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ 

ကက်စီမီရို(၃၂ နှစ်)သည် ရီးယဲလ်အသင်းတွင် ဆုဖလားအောင်ပွဲများစွာ ရယူကာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ 

ကက်စီမီရိုသည် မန်ယူအသင်းတွင် စရောက်သည့် ပထမဆုံးနှစ် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကစပြီး ခြေစွမ်းကျဆင်းသွားခြင်းကြောင်း ဝေဖန်ပြစ်တင်မှုများနှင့် ရင် ဆိုင်နေရသည်။ 

၎င်းသည် မန်ယူအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့်အပြင် တစ်နှစ်ထပ်မံသက်တမ်း တိုးနိုင်သည့် သဘောတူညီမှုပါဝင်ကြောင်း သိရှိရသည်။ 

သို့သော် လက်ရှိတွင် မန်ယူအသင်းက လစာများစွာပေးချေနေရသည့် ကက်စီမီရိုအား ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရ သည်။ 

ယင်းအနေအထားတွင် စီရော်နယ်လ်ဒို ကစားနေသည့် အယ်လ်နာဆာအသင်းက ၎င်းကို ပေါင်သန်း(၃၀)ဝန်းကျင်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။


READ NEXT
Cancel OK