Top News

■ ရီးယဲလ်အသင်း၏ ဥက္ကဋ္ဌအဖြစ် ပီရက်ဇ် ထပ်မံဆောင်ရွက်ခွင့်ရရှိရန် နီးစပ်နေ     
24htopnews | January 3, 2025 4:12 PM CST

ရီးယဲလ်အသင်း၏ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်သည် အသင်း၏ဥက္ကဋ္ဌအဖြစ် နောက်ထပ်(၄)နှစ် ထပ်မံဆောင်ရွက်ခွင့်ရရှိရန် နီးစပ်နေကြောင်း သိရသည်။

    

ပီရက်ဇ်(၇၇ နှစ်)သည် ရီးယဲလ်အသင်းအတွက် ဆုဖလားအများဆုံး ရယူပေးနိုင်သည့် ဥက္ကဋ္ဌအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး ၎င်းသည် ရီးယဲလ်အသင်းကို ၂၀၀၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို၊ ၂၀၀၉ ခုနှစ်မှ လက်ရှိအချိန်အထိ ဥက္ကဋ္ဌအဖြစ် ထပ်မံဆောင်ရွက်နေခြင်းဖြစ်သည်။ 

ထို့ကြောင့် ၎င်းအနေဖြင့် ရီးယဲလ်အသင်း၏ ဥက္ကဋ္ဌအဖြစ် စုစုပေါင်း(၂၁)နှစ်ကျော် ဆောင်ရွက်ခဲ့ပြီး ဆုဖလား (၃၄)လုံး ရယူပေးနိုင်ခဲ့သည်။ 

ပီရက်ဇ်သည် ဆုဖလားအောင်ပွဲများစွာ ရယူပေးနိုင်ခဲ့သည့်အပြင် အသင်းသို့ ကမ္ဘာ့အကောင်းဆုံးထိပ်တန်းကစားသမားများစွာ ခေါ်ယူကာ ကြယ်စင်စုအသင်း တည်ဆောက်ပေးနိုင်ခဲ့ခြင်းကြောင့်လည်း ပရိသတ်များနှင့် ဘုတ်အဖွဲ့ဝင်များ၏ အားပေးထောက်ခံမှုများစွာ ရရှိခဲ့သူဖြစ်သည်။ 

ယခုအခါ ရီးယဲလ်အသင်း၏ ဥက္ကဋ္ဌရွေးကောက်ပွဲ ပြုလုပ်ရတော့မည်ဖြစ်သော်လည်း ၎င်းနှင့် ယှဉ် ပြိုင်ရွေးချယ်ခံမည့်သူ ထွက်ပေါ်လာခြင်းမရှိသေးသည့်အတွက် ၎င်းပင် ထပ်မံဆောင်ရွက်ခွင့်ရရှိရန် နီးစပ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

 


READ NEXT
Cancel OK