
စီးရီးအေကလပ်အသင်းများသည် မန်ယူအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့် နယ်သာလန်တိုက်စစ်ကစားသမား ဇက်ဇီကို ခေါ်ယူရန် ပစ်မှတ်ထားနေ ကြကြောင်း သိရသည်။
ဇက်ဇီ(၂၃ နှစ်)သည် ဘိုလော့ဂ်နာအသင်းတွင် ခြေစွမ်းပြခဲ့ဖူးသူဖြစ်သောကြောင့် စီးရီးအေကလပ်များက ခေါ်ယူလိုခြင်းဖြစ်သည်။
လက်ရှိတွင် နယ်သာလန်တိုက်စစ်ကစားသမား ဇက်ဇီအား ခေါ်ယူရန် ဂျူဗင်တပ်စ်နှင့် နာပိုလီအသင်းတို့ အပြိုင်ကြိုးပမ်းဖွယ်ရှိကြောင်း သိရသည်။
မန်ယူအသင်းသည် အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့် ဇက်ဇီကို ပြန်လည်ရောင်းထုတ်ဖွယ်ရှိကြောင်း အင်္ဂလိပ်မီဒီယာများက ဖော်ပြနေကြသည်။
ဇက်ဇီသည် ပြီးခဲ့သည့်နွေရာသီကမှ ဘိုလော့ဂ်နာအသင်းမှ မန်ယူအသင်းထံသို့ ပေါင် (၃၆.၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။
၎င်းသည် မန်ယူအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၂၆) ပွဲတွင် (၄) ဂိုးသာ သွင်းထားနိုင်သေးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်