
မန်ယူအသင်းသည် ဆန်ချက်ဇ်ကို အလိုက်ပေးပြီး ဒေါ့မွန်လူငယ်တောင်ပံကစားသမား ဆန်ချို်အား ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဥရောပထိပ်တန်းအသင်းကြီးများ အလိုရှိနေသည့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချို (၂၀ နှစ်)အတွက် ဒေါ့မွန်အသင်းက ပေါင်သန်း (၁၀၀) ကျော် အလိုရှိနေကြောင်း သိရှိရသည်။
မန်ယူအသင်းသည် ဆန်ချိုအတွက် ဒေါ့မွန်အသင်း တောင်းဆိုသည့်စျေးကို လျှော့ချနိုင်ရန်အတွက် ဆန်းချက်ဇ်အား အလိုက်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ဆန်းချက်ဇ်၏ လစာငွေ မြင့်မားခြင်းက ဒေါ့မွန်အသင်း လက်ခံရန် အခက်အခဲဖြစ်လာနိုင်ကြောင်း Daily Mail သတင်းစာက သုံးသပ်ဖော်ပြခဲ့သည်။
အာဆင်နယ်ကစားသမားဟောင်း ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် တစ်ပတ် ပေါင်(၅)သိန်း ရရှိနေပြီး လက်ရှိတွင် အင်တာမီလန်အသင်း၌ အငှားကစားနေသူဖြစ်သည်။
မန်ယူနည်းပြ ဆိုးလ်ရှား၏အနာဂတ်အစီအစဉ်များတွင် ဆန်းချက်ဇ်မှာ မပါဝင်တော့ဘဲ လာမည့်အပြောင်းအရွှေ့ကာလတွင် ရောင်းချရန် စီစဉ်လျက်ရှိသည်။
မန်ယူအသင်းနှင့် သတင်းများဆက်တိုက်ထွက်နေသည့် ဆန်ချိုမှာမူ ဒေါ့မွန်အသင်းနှင့် စာချုပ်သက်တမ်း(၂)နှစ် ကျန်ရှိသေးကြောင်း သိရသည်။
ဆန်ချိုသည် ယခုရာသီ ဘွန်ဒစ်လီဂါပွဲစဉ်(၂၆)ပွဲ ကစားထားပြီး (၁၄)ဂိုးသွင်းကာ (၁၇)ဂိုး ဖန်တီးပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်