
အစ္စလာမ်မစ်အလံပါလာသူဖြစ်ပြီး လူအများအပြားသေစေရန်ပိုင်းဖြတ်ထားသူဖြစ်သော အမေရိကန်အငြိမ်းစား စစ်သားသည် နယူးအော်လန်၌ နှစ်သစ်ကူး ပျော်ပါးနေကြသော လူအုပ်ကို ဇန်နဝါရီ ၁ ရက်တွင် ပစ်ကပ်ကားဖြင့် ဝင်တိုက်ခဲ့သောကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးသွားခဲ့ပြီး ဒါဇင်ချီဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အက်ဖ်ဘီအိုင်က တိုက်ခိုက်သူသည် တက္ကဆက်ပြည်နယ်မှ အမေရိကန်နိုင်ငံသား အသက် ၄၂ နှစ်အရွယ်ရှိသူ ရှမ်းဆက်ဒင်ဂျက်ဘားဖြစ်သည်ဟု ဖော်ထုတ်ခဲ့သည်။ ၎င်းသည် ဟူစတန်မြို့တွင် အိမ်ခြံမြေအေးဂျင့်အဖြစ် လုပ်ကိုင်နေသူဖြစ်ပုံရပြီး အမေရိကန်စစ်တပ်တွင် အိုင်တီပညာရှင်အဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်ဟု ဆိုသည်။
တာဝန်ရှိသူများက ကြံရာပါများကို ရှာဖွေလျက်ရှိသည်ဆိုသော်လည်း ကြံရာပါများနှင့်စပ်လျဉ်း၍ အသေးစိတ်အချို့ကိုသာ ပြောကြားခဲ့သည်။
ရဲဌာနမှူး အန်းကာ့ပတ်ထရစ်က ဂျက်ဘားကို အကြမ်းဖက်သမားအဖြစ် ပြောကြားခဲ့သည်။ ကားထဲတွင် ISIS အလံရှိနေသည်ဟု အက်ဖ်ဘီအိုင်က ပြောကြားသည်။ ထို့ကြောင့် ၎င်းသည် ISIS အုပ်စုနှင့်ဆက်စပ်မှုများ ရှိနေသည်ဟု အက်ဖ်ဘီအိုင်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တိုက်ခိုက်မှုကို အလွန်စက်ဆုပ်စရာကောင်းသည်ဟု ပြောကြားခဲ့သည်။ ၎င်းကို ISIS က စေ့ဆော်ခြင်းဖြစ်သည်ဟု ညွှန်ပြခြင်းမပြုမီ နာရီပိုင်းအလိုတွင် ၎င်းသည် ဗီဒီယိုများကို အွန်လိုင်းတင်ခဲ့သည်ဟု ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။
လိုက်လံရှာဖွေလျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အာဏာပိုင်များက ဂျက်ဘားတစ်ဦးတည်းတွင် တာဝန်ရှိနေသည်ဆိုခြင်းကို မယုံကြည်ကြောင်း အက်ဖ်ဘီအိုင်အေးဂျင့် အလီသီယာဒွန်ကန်က သတိပေးခဲ့သည်။
“ကျွန်တော်တို့ဟာ လူဆိုးအချို့ကို လိုက်ရှာနေပါတယ်” ဟု လူဝီစီယားနားအုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီက ပြောသည်။
၁၅ ဦး သေဆုံးသည်ဟု နယူးအော်လန် သေမှုသေခင်း စုံစမ်းရေးရုံး၏ထုတ်ပြန်ချက်ကို ကိုးကားပြီး အက်ဖ်ဘီအိုင် ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်သည် ၂၀၂၅ ခုနှစ် နှစ်သစ်ကို ပါဝင်ဆင်နွှဲနေကြသူများဖြင့် ပြည့်နေသော ဘိုဘွန်းလမ်းတွင် ဇန်နဝါရီ ၁ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁၅ မိနစ်တွင် စတင်ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ပြောကြားခဲ့ပြီး အဆိုပါလမ်းသည် French Quarter ၏အလယ်တွင် တည်ရှိသည်ဟု ဆိုသည်။
သံသယရှိသူသည် အဖြူရောင်ပစ်ကပ်ကားကို လမ်းသွားလမ်းလာ လူအုပ်ထဲသို့ မောင်းဝင်လာခဲ့ပြီးနောက် လူအုပ်ထဲမှ ပြန်ထွက်ချိန်တွင် ရဲနှင့်ပစ်ခတ်မှုဖြစ်ပွားရာ၌ သေဆုံးသွားခဲ့သည်။ ယင်းပစ်ခတ်မှုအတွင်း ရဲနှစ်ဦး ဒဏ်ရာရခဲ့သည်။ လက်လုပ်ဗုံး နှစ်လုံးကိုတွေ့ရှိခဲ့ပြီးနောက် ယင်းလက်လုပ်ဗုံးများကို ဖျက်ဆီးပစ်ခဲ့သည်ဟု အက်ဖ်ဘီအိုင်က ပြောကြားခဲ့သည်။
“ဒီလူက တတ်နိုင်သလောက် လူများများကို ကားနဲ့တက်ကြိတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်” ဟု ကာ့ပတ်ထရစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“မြန်နှုန်း အမြင့်ဆုံးနဲ့မောင်းချလာတာပါ။ ရည်ရွယ်ချက်ရှိတဲ့ပုံစံနဲ့ မောင်းလာတာဖြစ်ပါတယ်။ လူအများကြီးသေအောင်နဲ့ ထိခိုက်ပျက်စီးတာတွေ ဖြစ်အောင် ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်” ဟု ကာ့ပတ်ထရစ်က ပြောသည်။
ဂျက်ဘားသည် ၂၀၀၇ မှ ၂၀၁၅ အထိ စစ်တပ်တွင် လူသားအရင်းအမြစ် ကျွမ်းကျင်သူအဖြစ်လည်းကောင်း၊ အိုင်တီပညာရှင်အဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အထိ အရန်တပ်တွင် ထမ်းဆောင်ခဲ့သည်ဟု ပင်တဂွန်က ပြောကြားခဲ့သည်။
၎င်းသည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီအထိ အာဖဂန်နစ္စတန်တွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု ပင်တဂွန်ကပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်