
အမေရိကန်နှင့် တရုတ်တို့သည် တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းလျက်ရှိစဉ် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖုန်းဟယ်တို့ နိုဝင်ဘာ ၂၂ ရက်က ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် ကျင်းပခဲ့သည့် ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဘေးဆွယ်တွေ့ဆုံမှုအဖြစ် ၎င်းတို့နှစ်ဦးသည် တစ်နာရီခွဲကြာ ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် ဇွန်လနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ ပထမဆုံးတွေ့ဆုံမှုလည်း ဖြစ်သည်။ ထိုင်ဝမ်ကျွန်းသို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ သွားရောက်ခဲ့ခြင်းသည် တရုတ်အတွက် အမျက်ဒေါသထွက်စရာဖြစ်ခဲ့သည်။
ထို့နောက်ပိုင်းတွင် မဟာအင်အားကြီးနှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့အကြား တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းသည့်အနေဖြင့် နှစ်နိုင်ငံထိပ်တန်းတာဝန်ရှိသူအချင်းချင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများဖြစ်သည့် အော်စတင်နှင့် ဝေတို့၏ ဆွေးနွေးမှုသည် ပညာရှင်ဆန်ပြီး ထိရောက်အကျိုး ရှိခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“အချင်းချင်းပြိုင်ဆိုင်မှုကနေ ထိပ်တိုက်ပဋိပက္ခဖြစ်မလာအောင် ရှောင်လွှဲနိုင်ဖို့ အရေးကြီးပြီး ယှဉ်ပြိုင်မှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို ပုံဖော်သတ်မှတ်ပေးတဲ့ ၀ိသေသလက္ခဏာတစ်ခုအဖြစ် ဆက်ရှိနေဖို့ကိုလည်း နှစ်ဖက်စလုံးက သဘောတူညီခဲ့တယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။
ယှဉ်ပြိုင်မှုများကို တာဝန်ယူမှုရှိစွာဖြင့် ထိန်းကျောင်းကိုင်တွယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် နှစ်နိုင်ငံစစ်တပ်အချင်းချင်း အပြန်အလှန်ဆွေးနွေးမှုများနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်စတင်ရန် ကာကွယ်ရေးဝန်ကြီး အော်စတင်က ကြိုးပမ်းခဲ့သည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။
ထို့အပြင် ၎င်းတို့နှစ်ဦး ဆွေးနွေးခဲ့သည့် တိကျခိုင်မာသော လုပ်ထုံးလုပ်နည်းများကို ပြန်လည်စတင်ရန် အရေးကြီးကြောင်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ပြီး မကြာမီလများတွင် ယင်းတို့ကို အကောင်အထည်ဖော်နိုင်ရန် မိမိတို့အနေဖြင့် မျှော်လင့်ပါကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ ၂၀) ထိပ်သီးအစည်းအဝေးပြင်ပ ဘေးဆွယ်တွေ့ဆုံမှုအဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ သုံးနာရီကြာ တွေ့ဆုံခဲ့ပြီးနောက်တွင် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးနှစ်ဦး ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၄ ရက်က ဘိုင်ဒင်နှင့် ရှီတို့၏ တွေ့ဆုံမှုသည် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံ၏ သမ္မတများအဖြစ် ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်းဖြစ်သည်။
အဆိုပါတွေ့ဆုံမှုအတွင်း ထိုင်ဝမ်နှင့် မြောက်ကိုရီးယားအရေးတို့နှင့်ပတ်သက်၍ ဘွင်းဘွင်းရှင်းရှင်း ဆွေးနွေးခဲ့ကြပြီး ထိတွေ့ဆက်ဆံမှုများကို ပိုမိုလုပ်ဆောင်သွားမည်ဟု ခေါင်းဆောင်နှစ်ဦးက ကတိပြုခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အေပက်ထိပ်သီးအစည်းအဝေး၌လည်း သမ္မတရှီကျင်းပင်နှင့် အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်စ်တို့ တွေ့ဆုံခဲ့ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည်လည်း နောက်ဆက်တွဲဆွေးနွေးမှုများ ပြုလုပ်ရန် ပေကျင်းသို့သွားရောက်မည်ဖြစ်သည်။
တရုတ်က ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး တစ်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းမည့်အခြေအနေကိုလည်း ပစ်ပယ်ခြင်းမရှိပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်