
အင်ဒိုနီးရှားနိုင်ငံ၏ အဓိကျွန်းဖြစ်သော ဂျာဗားကို လှုပ်သွားသောမြေငလျင်မှ သေဆုံးသူစုစုပေါင်းသည် ၂၅၂ ဦးအထိရှိလာခဲ့သည်ဟု နိုဝင်ဘာ ၂၂ ရက်တွင် ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။
အနောက်ဂျာဗားရှိ ဆီယန်ဂျားဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က သေဆုံးသူစာရင်းအသစ်ကို Instergram တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းမြို့၏ အုပ်ချုပ်ရေးအဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူဖြစ်သော အဒမ်က သေဆုံးသူ ၂၅၂ ဦးရှိလာကြောင်း အေအက်ဖ်ပီသတင်းဌာနကို အတည်ပြုခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများအောက်ကို ရောက်နေသူများကို နိုဝင်ဘာ ၂၂ ရက်တွင် ဆက်လက်ရှာဖွေလျက်ရှိသည်။ ငလျင်ကြောင့် ပြိုကျခဲ့သော အဆောက်အအုံများ၏ အောက်တွင် ပိိနေသူများ၊ ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေသည်။
အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ရှိ ပြိုပျက်နေသော အဆောက်အအုံများထဲမှ အလောင်းများ ထွက်ပေါ်လာသည့် အနေအထားတွင် ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများကြားတွင် အသက်ရှင်နေသူများကို ခက်ခဲစွာရှာဖွေနေရသည်။ ငလျင်ကြောင့် ကားလမ်းများပေါ် အပျက်အစီးများ ထုနှင့်ထည်နှင့် ပြုတ်ကျနေသည့် အနေအထားတွင် သွားရန်ခက်ခဲသောနေရာများတွင် အသက်ရှင်ကျန်ရစ်နေသူများကို ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
နိုဝင်ဘာ ၂၁ ရက်က အင်ဒိုနီးရှား၏ အဓိကကျွန်းဖြစ်သော ဂျာဗားကို ပြင်းအား ၅ ဒသမ ၆ ရှိ စောက်တိမ်ငလျင်လှုပ်သွားသောကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၂၅၀ ကျော်ရှိလာသည်ဟု အင်ဒိုနီးရှားတာဝန်ရှိသူများက ပြောကြားသည်။
ငလျင်သည် အဆောက်အအုံများကို ပျက်စီးစေခဲ့ပြီး မြေပြိုမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ယင်းတာဝန်ရှိသူများက ပြောကြားသည်။
သမ္မတဂျိုကိုဝီဒိုဒိုသည် နိုဝင်ဘာ ၂၂ ရက်တွင် ငလျင်လှုပ်ရာနေရာကို လာရောက်ခဲ့ပြီး ဒုက္ခရောက်သူများကို လျော်ကြေးပေးရန် ကမ်းလှမ်းခဲ့သည်။ ထို့အပြင် ဒုက္ခရောက်နေသူများကို ဦးစားပေးကယ်ဆယ်ရန် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ၎င်းတို့၏လူများကို စုစည်းထားရန် သမ္မတက ညွှန်ကြားခဲ့သည်။
“ကျွန်တော့်ကိုယ်စား၊ အစိုးရအဖွဲ့ကိုယ်စား ဝမ်းအနည်းဆုံးစကားတွေကို ကျွန်တော်ပြောချင်ပါတယ်” ဟု အင်ဒိုနီးရှားသမ္မတက ပြောကြားခဲ့သည်။
ဆီယန်ဂျားတွင် အပျက်အစီးများအောက်၌ အနည်းဆုံးလူ ၂၅ ဦး ပိတ်မိနေဆဲဖြစ်သည်ဟု အင်ဒိုနီးရှားဘေးအန္တရာယ် လျော့ပါးရေးဌာန (BNPB)က ထုတ်ပြန်ခဲ့သည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများရှိဦးမည်ဟု ဒေသဆိုင်ရာစစ်တပ် အကြီးအကဲရူဒီဆာလာဒင်က အေအက်ဖ်ပီကို ပြောကြားသည်။
လက်ရှိအချိန်ထိ လူ ၃၀၀ ကျော်ထိခိုက်ဒဏ်ရာရထားပြီး လူ ၁၃၀၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့့ပြောင်းပေးထားသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ ဆီယန်ဂျားမြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ရာမှ ၉၈ ရာခိုင်နှုန်း ပြန်ပေးနိုင်ပြီဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်