
ယူကရိန်းရှိ ရုရှားတို့ထိန်းချုပ်ခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်သည် နိုဝင်ဘာ ၂၂ ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ခရိုင်းမီးယားရှိ ရုရှားတပ်ဖွဲ့များကို တပ်လှန့်နှိုးဆော်ခဲ့ရသည်ဟု ရုရှားက ခန့်အပ်ခဲ့သည့် အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
“ဒရုန်းတွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်”ဟု ခရိုင်းမီးယား၏ စီဗက်စတိုပိုလ် အုပ်ချုပ်ရေးဒေသ၏ အုပ်ချုပ်ရေးမှူး မီဟိုင်းရက်ဇ်ဗိုဇာယက်ဗ်က Telegram လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထို့ပြင် မိမိတို့၏ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့များသည် လိုအပ်သည့်အရာများကို လုပ်ဆောင်နေပြီး ဒရုန်းနှစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ယင်းတိုက်ခိုက်မှုတွင် အရပ်ဘက် အခြေခံအဆောက်အအုံများ ထိခိုက်ခဲ့ခြင်းမရှိကြောင်း ရက်ဇ်ဗိုဇာယက်ဗ်က ပြောကြားခဲ့ပြီး ဒေသခံများကို စိတ်အေးအေးထားရန် တိုက်တွန်းခဲ့သည်။
Telegram တွင်ထပ်မံရေးသားခဲ့သည့် ပို့စ်တစ်ခုတွင် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့များသည် ဘလက်ကလာဗာ ဓာတ်အားပေးစက်ရုံအနီးတွင် ဒရုန်းနှစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
ယင်းဓာတ်အားပေးစက်ရုံသည် ယခင်က တိုက်ခိုက်ခံခဲ့ရသည့် စက်ရုံဖြစ်သည်ဟု ခရိုင်းမီးယား အာဏာပိုင်များက ပြောကြားခဲ့သည်။
“အခုချိန်မှာတော့ မြို့ဟာ တည်ငြိမ်သွားပါပြီ။ ဒါပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးနဲ့ ဌာနဆိုင်ရာအသီးသီးကို တိုက်ပွဲဝင်ဖို့ အဆင်သင့်အနေအထားမှာ ပြင်ဆင်ထားပါတယ်”ဟု ရက်ဇ်ဗိုဇာယက်ဗ်က ပြောကြားခဲ့သည်။
ခရိုင်းမီးယား၏ စီဗက်စ်တိုပိုလ်ဆိပ်ကမ်းတွင် အခြေစိုက်သည့် ရုရှား၏ ပင်လယ်နက် စစ်သင်္ဘောအုပ်စုသည် အာဏာပိုင်များ၏အဆိုအရ ကြီးမားသည့် ဒရုန်းတိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။
ယင်းတိုက်ခိုက်မှုကြောင့် ရုရှားစစ်သင်္ဘောတစ်စင်းထက်မနည်း ထိခိုက်ပျက်စီးခဲ့သဖြင့် ရုရှားသည် ယူကရိန်းနှင့် နှံစားသီးနှံ တင်ပို့ရေး သဘောတူစာချုပ်မှ ယာယီနုတ်ထွက်ခဲ့သည်။
ယူကရိန်းတွင် ရုရှားနှင့် ဆက်ဆံရေး အဆင်ပြေသည့် သမ္မတကို ဖြုတ်ချခဲ့သည့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင်လည်း ရုရှားသည် ယူကရိန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ခရိုင်းမီးယားဒေသ အပါအဝင် ယူကရိန်းတွင် တိုက်ပွဲများဖြစ်ပွားနေသည်။
ယူကရိန်းတပ်ဖွဲ့များသည် ခရိုင်းမီးယား၏ အိမ်နီးချင်း ခါဆန်ဒေသတွင် နယ်မြေများကို ပြန်လည်သိမ်းယူနေချိန်တွင် ခရိုင်းမီးယား ကျွန်းဆွယ်ပေါ်ရှိ စစ်အင်အားကို တိုးမြှင့်ခဲ့သည်ဟု ရုရှားက ခန့်အပ်ပေးခဲ့သည့် ခရိုင်းမီးယားအုပ်ချုပ်ရေးမှူးတစ်ဦးက ပြီးခဲ့သည့် သီ တင်းပတ်တွင် ပြောကြားခဲ့သည်။
အမေရိကန်ကမူ ယူကရိန်းတပ်ဖွဲ့များသည် ခါဆန်မြို့ကို ရုရှားထံမှ ပြန်လည်သိမ်းယူနိုင်ခြင်းသည် အံမခန်းအောင်ပွဲတစ်ခုဖြစ်သည်ဟု နိုဝင်ဘာ ၁၂ ရက်က ပြောကြားခဲ့ သည်။
“ဒါဟာ ယူကရိန်းတို့အတွက် အံ့မခန်း အောင်ပွဲတစ်ခုကို ရယူနိုင်ခဲ့တဲ့သဘောပါပဲ။ ဒီစစ်ပွဲအတွင်း ရုရှားရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရတဲ့ ဒေသဆိုင်ရာ မြို့တော်တစ်ခုမှာ ယူကရိန်းအလံကို ပြန်လွှင့်ထူနိုင်ခဲ့ပါပြီ။ ဒါဟာ တကယ့်ကို အံ့မခန်းလောက်တဲ့ အရာတစ်ခုပါပဲ” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်