
တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် စိုးရိမ်မှုများကို မြင့်တက်လာစေပြီး အလျင်အမြန် ပြန်လည်ဖွင့်လှစ်မှု မျှော်လင့်ချက်များကိုမှေးမှိန်စေသော COVID-19 ကူးစက်မှုနှုန်းမြင့်တက်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ပေကျင်းမြို့တော်တွင် နိုဝင်ဘာ ၂၂ ရက်က ပန်းခြံများနှင့် ပြတိုက်များကို ပိတ်ထားခဲ့ပြီး ရှန်ဟိုင်းမြို့တွင် မြို့အတွင်းသို့ ဝင်ရောက်မှုဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်ခဲ့သည်။
တရုတ်တွင် နိုဝင်ဘာ ၂၁ ရက်ကနေ့အလိုက် ပြည်တွင်း ကူးစက်ခံရသူသစ်၂၈,၁၂၇ ဦးရှိပြီး ဧပြီလနောက်ပိုင်း ၎င်း၏နေ့အလိုက် ကူးစက်မှုနှုန်း အမြင့်ဆုံးနီးပါးဖြစ်လာခဲ့ပြီး ယင်းကူးစက်ခံရသူစုစုပေါင်း၏ ထက်ဝက်ခန့်သည် နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့နှင့်နိုင်ငံအနောက်တောင်ပိုင်း ချုံချင်းမြို့မှ ဖြစ်သည်ဟု သိရသည်။
ပေကျင်းမြို့တော်တွင် နေ့စဉ်ဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် မြင့်တက်နေပြီး နောက်ထပ်ဒေသခံအများအပြားအား နေအိမ်အတွင်း၌သာ နေထိုင်ကြရန်နှင့် COVID-19 ကူးစက်ခံရခြင်းမရှိကြောင်း သက်သေပြရန် ပေကျင်းအစိုးရက ချက်ချင်းတောင်းဆိုခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်နှောင်းပိုင်း၌ ရှန်ဟိုင်းမြို့အစိုးရက နိုဝင်ဘာ ၂၄ ရက်မှစ၍ မြို့အတွင်းသို့ ငါးရက်အတွင်း ရောက်ရှိလာသူများအနေဖြင့် လုပ်ငန်းခွင်များကိုဆက်လက်သွားရောက်နိုင်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များကို ဆက်လက်အသုံးပြုနေနိုင်သော်လည်း စျေးဝယ်စင်တာများနှင့် စားသောက်ဆိုင်များကဲ့သို့ နေရာများကို ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အစောပိုင်းကလည်း ဒေသခံ ၂၅သန်း ရှိသည့် ရှန်ဟိုင်းမြို့တွင် နေ့အလိုက်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၈ဦး တွေ့ရှိခဲ့ပြီးနောက်၎င်း၏ ဒေသ ၁၆ ခုတွင် ခုနစ်ခုရှိ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးနေရာများကို ပိတ်ထားရန်အမိန့် ထုတ်ပြန်ခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုလှိုင်းသည် ကပ်ရောဂါကာလသုံးနှစ်နီးပါးအတွင်း စီးပွားရေးကို ထိခိုက်စေပြီး ဒေသခံများအား စိတ်ပျက်စေခဲ့သော ၎င်း၏ကိုဗစ်ကင်းစင်ရေးမူဝါဒအပေါ် မကြာသေးမီက ညှိနှိုင်းလုပ်ဆောင်ချက်များကို စမ်းသပ်လျက်ရှိသည်။
“ကျွန်မသူငယ်ချင်းတချို့ ဒေဝါလီခံ သွားကြပါပြီ။ အချို့တွေကတော့ အလုပ်တွေမရှိကြတော့ဘူး။ ကျွန်မတို့တွေ ရည်ရွယ်ထားတဲ့ စိတ်ကူးတွေကို မလုပ်နိုင်ကြတော့ပါဘူး။ ခရီးသွားလာဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ကပ်ရောဂါအမြန်ဆုံးအဆုံးသတ်သွားဖို့ပဲ မျှော်လင့်မိပါတယ်”ဟု အသက် ၅ဝအရွယ် ပေကျင်းဒေသခံအမျိုးသမီး တစ်ဦးကဆိုသည်။ တရုတ်တွင် မေလနောက်ပိုင်း ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုအဖြစ် သီတင်းပတ်ကုန်ကျော်တွင် လူနာသုံးဦး သေဆုံးခဲ့ပြီးနောက် နောက်ထပ် COVID-19 ကြောင့် သေဆုံးသူနှစ်ဦးထပ်မံရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။
ညှိနှိုင်းထားသည့် စည်းမျဉ်းများ ထုတ်ပြန်ခဲ့ပြီးသည့်တိုင် တရုတ်သည် နယ်စပ်များအားလုံးကို ဆက်လက်ပိတ်ထားမှုအပါအဝင် ၎င်း၏ တင်းကျပ်သောCOVID-19 ကန့်သတ်ချက်များနှင့်အတူ ကပ်ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရန် ကြိုးပမ်းနေသည့်ကမ္ဘာ့နိုင်ငံအများစုနှင့်ကွဲပြားလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်