
မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်အား နိုဝင်ဘာ၂၄ ရက်တွင် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ခြင်းကြောင့် ရွေးကောက်ပွဲရလဒ် မပြတ်မသား ဖြစ်ပေါ်ခဲ့ပြီးနောက် ရက်အတန်ကြာ နိုင်ငံရေးအရ မတိုးသာမဆုတ်သာဖြစ်နေသည့် အခြေအနေကို အဆုံးသတ်နိုင်ခဲ့သည်။
အသက် ၇၅ နှစ်အရွယ် အန်ဝါဘီဘရာ ဟင်သည် နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် ညနေ ငါးနာရီ၌ မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကာ နှစ်ပေါင်းများစွာအတွင်း နိုင်ငံ၏ စတုတ္ထမြောက် ခေါင်းဆောင်ဖြစ်လာမည်ဖြစ်သည်။
ယခုကဲ့သို ဝန်ကြီးချုပ်အဖြစ် တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် နိုင်ငံရေးသက်တမ်း တစ်လျှောက် ပြဿနာပေါင်းများစွာ ကြုံတွေ့ခဲ့ရသကဲ့သို့ အကျင့်ပျက်ခြစားမှု၊ ဓမ္မတာနှင့်ဆန့်ကျင်ကာ ကာမဆက်ဆံမှုတို့နှင့် ထောင်ဒဏ်ကျခံခဲ့ရသည့် ၎င်း၏အတိတ်ဖြစ်ရပ်ဆိုးများကို ပြည်ဖုံးကားချနိုင်ခဲ့ပြီဖြစ်သည်။
“မလေးအုပ်ချုပ်တွေရဲ့ ထင်မြင်ယူဆချက်တွေကို စဉ်းစားသုံးသပ်ခဲ့ပြီးနောက်မှာ အန်ဝါအီဘရာဟင်ကို မလေးရှားနိုင်ငံရဲ့ ၁၀ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ ဘုရင်က ခွင့်ပြုလိုက်ပြီဖြစ်တယ်”ဟု မလေးရှားဘုရင် စူလ်တန် အဗ္ဗဒူလာ အာမက်ရှား၏ နန်းတော်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အန်ဝါ၏ လူမျိုးစုံပါဝင်သော ပါကာတန် ဟာရာပန် ညွန့်ပေါင်းပါတီသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြွေးကြော်သံဖြင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကျင်းပခဲ့သည့် မလေးရှားအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ အများစုကို ရရှိခဲ့သည်။ ၎င်း၏ပါတီသည် အမတ်နေရာ ၈၂ နေရာ ရရှိခဲ့သော်လည်း စုစုပေါင်းလိုအပ်သည့် ၁၁၂ နေရာကို ပြည့်မီခဲ့ခြင်းမရှိပေ။
ထို့နောက်တွင် မလေးရှားဘုရင်က အန်ဝါနှင့် အမတ်နေရာ ၇၃ နေရာ ရရှိခဲ့သည့် ပရီကာတန် နေရှင်နယ် (အမျိုးသားမဟာမိတ်) ပါတီမှ ဝန်ကြီးချုပ်ဟောင်း မူယစ်ဒင်ယက်ဆင်တို့ကို ဆင့်ခေါ်ကာ လိပ်ခဲတည်းလည်း အခြေအနေကိုဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း သဘောတူညီမှုတစ်စုံတစ်ရာမရခဲ့ပေ။
မလေးရှား အစ္စလာမ္မစ်ပါတီ (PAS) ၏ ထောက်ခံမှုကိုရထားသည့် မူယစ်ဒင်က ညီညွတ်ရေးအစိုးရ ဖွဲ့စည်းရန် ၎င်းနှင့် အန်ဝါ တို့အား မလေးရှားဘုရင်က ကနဦးတွင် တိုက်တွန်းခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်သစ်ဖြစ်လာမည့် အန်ဝါအနေဖြင့် နိုင်ငံရေးသက်တမ်း ၂၅ နှစ်အတွင်းအတက်အကျများစွာ ဖြစ်ပေါ်ခဲ့သည့် အခြေအနေကို အဆုံးသတ်နိုင်ပြီဖြစ်သည်။
ကျောင်းသားတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ခဲ့သည့် အန်ဝါသည် ၁၉၉၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းက အာဏာရရှိရန် နီးစပ်ခဲ့ပြီး သူသည် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သည့် မဟာသီယာ မိုဟာမက်၏ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ရာထူးများကို ထမ်းဆောင်ခဲ့သည်။
သို့ရာတွင် ၁၉၉၇-၉၈ ခုနှစ် အာရှ ဘဏ္ဍာရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦး ခါးခါးသီးသီး သဘောထားကွဲလွဲခဲ့သည်။ ထို့နောက်တွင် မဟာသီယာက ၎င်းကိုရာထူးမှ ထုတ်ပယ်ခဲ့သည့်အပြင် ထိုစဉ်က အာဏာရပါတီ ဖြစ်သည့် မလေးအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (UMNO) မှလည်း ထုတ်ပယ်ကာ အန်ဝါကို အကျင့်ပျက်ခြစားမှု၊ ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမဆက်ဆံမှုတို့နှင့် စွဲချက်တင်ခဲ့သည်။ ယင်းသည် နိုင်ငံရေးအရ ဖိနှိပ်မှုဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့ပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ ဒီမိုကရေစီနည်းလမ်းတကျ ပြုပြင်ပြောင်းလဲ ရေးအတွက် တောင်းဆိုလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်