
လေထုညစ်ညမ်းစေသောအမှုန်များက ၂၀၂၀ ခုနှစ်တွင် ဥရောပသမဂ္ဂ၌ အချိန်မတိုင်မီ သေဆုံးသူ ၂၃၈,၀၀၀ ရှိစေခဲ့သည်ဟု ဥရောပသမဂ္ဂ(အီးယူ)၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစောင့်ကြည့်ရေးအေဂျင်စီကနိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်လိုက်ပြီး ထိုအရေအတွက်သည် ယခင်နှစ်ကထက် အနည်း ငယ်များလာခြင်းဖြစ်သည်ဟု ဆိုသည်။
“အဲ့ဒီနှစ်မှာ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံမှာ ၂၀၂၁ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) လမ်းညွှန်ချက် အဆင့်အထက်မှာရှိတဲ့ လေထုညစ်ညမ်းအမှုန်အမွှားတွေနဲ့ထိတွေမှုကြောင့် အချိန်မတိုင်မီ သေဆုံးသူ၂၃၈,၀၀၀ ရှိခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်အသစ်တွင် ဥရောပပတ်ဝန်းကျင်အေဂျင်စီက ဖော်ပြခဲ့သည်။
ထိုအရေအတွက်သည် အီးယူ၌ ၂၀၁၉ ခုနှစ်တွင် မှတ်တမ်းရယူထားသော အရေအတွက်ထက် မဆိုစလောက်ပိုများနေသည်ဟုဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး စည်းကမ်းများကြောင့် (အငွေ့) ထုတ်လွှတ်မှုများ ကျဆင်းခဲ့လင့်ကစား အချိန်မတိုင်မီသေဆုံးမှု အနည်းငယ်များလာခြင်းဖြစ်သည်ဟုဆိုသည်။
Fine particle matter သို့မဟုတ် PM2.5 ဟုခေါ်သည့် အမှုန်လေးများသည် ကားအိတ်ဇော သို့မဟုတ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့မှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်လာသော အမှုန်အမွှားလေးများဖြစ်သည်။
၎င်းတို့၏ အရွယ်အစားသေးငယ်ခြင်းကြောင့် ၎င်းတို့သည် အသက်ရှူလမ်းကြောင်း၏ အတွင်းထဲကို ရောက်သွားနိုင်ရာ ချောင်းဆိုးရင်ကျပ်နာ၊ ပန်းနာ၊ အဆုပ်ရောဂါဖြစ်ပွားမှု အန္တရာယ်ကို ပိုမိုဆိုးရွားစေသည်။
၂၀၂၀ ခုနှစ်တွင်ပင် WHO အကြံပြုပမာဏ၏ကန့်သတ်ချက်အထက်တွင်ရှိသည့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုင် (NO2) ထိတွေ့မှုက ဥရောပသမဂ္ဂတွင် အချိန်မတိုင်မီသေဆုံးသူ ၄၉,၀၀၀ ရှိစေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်ရေးအေဂျင်စီက ဖော်ပြထားသည်။ အိုဇုန်း (O3) ကို ပြင်းပြင်းထန်ထန်ထိတွေ့မှုက လူ ၂၄,၀၀၀ ကို စောစီးစွာ သေဆုံးစေခဲ့သည်ဟု ဆိုသည်။
“၂၀၂ဝနဲ့ ၂၀၁၉ တို့ကို နှိုင်းယှဉ်တဲ့အခါ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ရတဲ့အချိန် မတိုင်မီသေဆုံးသူအရေအတွက်ဟာ PM2.5 အတွင်း တိုးလာတယ်ဆိုပေမယ့် NO2 နဲ့ O3 တို့အတွက် လျော့ကျသွားပါတယ်”ဟု အေဂျင်စီက ဖော်ပြသည်။
“PM2.5 အနေနဲ့ပြောရရင် လေထုထဲ အမှုန်အမွှားပါဝင်မှု ကျဆင်းတာတွေကို ကပ်ရောဂါကြောင့် သေသူတိုးလာတာက ချေဖျက်လိုက်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
COVID-19 ကူးစက်ရောဂါသည် လေထုညစ်ညမ်းမှုနှင့် ဆက်စပ်နေသော ရောဂါများနှင့်အတူ နေထိုင်နေကြရသူ အချို့၏ သေဆုံးမှုများကို ဦးတည်စေခဲ့သည်။ အီးယူအနေဖြင့် ၂၀၀၅ ခုနှစ်အဆင့် ဖြင့်နှိုင်းယှဉ်ကာ ၂၀၃၀ ခုနှစ်တွင် လေထုညစ်ညမ်းစေသောအမှုန်များနှင့် ဆက်နွှယ်သော အချိန်မတိုင်မီ သေဆုံးမှုများကို ၅၅ ရာခိုင်နှုန်းလောက်လျှော့ချရန် ဆန္ဒရှိနေပြီး ၂၀၃၀ တွင် လေထုညစ်ညမ်းမှုကင်းစင်စေရန် ရည်မှန်းထားသည်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်