
ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှုအငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း ဖိ လစ်ပိုင်ရေတပ်စစ်မှုထမ်းများက ပိုင်ဆိုင်ထားသည့် တရုတ်ဒုံးပျံအပျက်အစီးတစ်ခုကို တ ရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က အင်အားသုံးစီးနင်းခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်၏ တပ်မှူးတစ်ဦးက ထုတ်ပြန်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တရုတ်ထံမှ ဖြေရှင်းချက်ပေးရန် ဖိလစ်ပိုင်က တောင်းဆိုခဲ့သည်ဟု အရာရှိများက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်သည် တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့အကြား ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှုများ အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် နောက်ဆုံးဖြစ်ပွားသည့် အငြင်းပွားမှုတစ်ခုဖြစ်သည်။တရုတ်ကမူ ၎င်း၏ ကမ်းခြေစောင့် တပ်ဖွဲ့သည် ဖိလစ်ပိုင်သင်္ဘောသားများထံမှ အပျက်အစီးတစ်ခုကို အင်အားသုံးသိမ်းယူခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာသာရီဆာ ဒါဇာ က ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံထံမှ ရှင်းလင်းချက်ပေးရန်အတွက် သံတမန်ဆိုင်ရာ အသိပေးအကြောင်းကြားမှုပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့ပြီး အသေးစိတ်ထုတ်ဖော်ခြင်း မရှိခဲ့ပေ။
ဖိလစ်ပိုင်ရေတပ်မှ သင်္ဘောသားများသည် အဝေးကြည့်ကင်မရာတစ်ခုကို အသုံးပြုပြီး ပြင်းထန်သည့်လှိုင်းများအကြားတွင် မျောနေသည့် အပျက်အစီးတစ်ခုကို သဲသောင်တစ်ခု၏အနီး မီတာ ၅၄၀ အကွာတွင် တွေ့ရှိခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်၏ အနောက်တိုင်းစစ်ဌာနချုပ်အကြီးအကဲ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး အယ်လ်ဘာတိုကားလို့စ် က ပြောကြားခဲ့သည်။
ထို့နောက် ဖိလစ်ပိုင်သင်္ဘောသားများသည် ယင်းအပျက်အစီးအပိုင်းအစကို ဆယ်ယူပြီး သီတူကျွန်းဆီသို့ ဆွဲယူလာခဲ့သည်ဟုဆိုသည်။ ကျွန်းဆီသို့ ပြန်လည်မောင်းနှင်နေချိန်တွင် တရုတ်ကမ်းခြေစောင့်သင်္ဘောတစ် စင်းက ၎င်းတို့အနီးသို့ ချဉ်းကပ်မောင်းနှင်ခဲ့ပြီး ၎င်းင်းတို့သင်္ဘော၏လမ်းကြောင်းကို နှစ်ကြိမ်တိုင် ပိတ်ဆို့ခဲ့သည်ဟု ကားလို့စ်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ထို့နောက် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ၎င်းင်း၏တပ်ဖွဲ့ဝင်များကို လေမှုတ်လှေဖြင့် ရေထဲသို့ချကာ ဖိလစ်ပိုင်သင်္ဘောက ကြိုးဖြင့်ဆွဲယူခဲ့သည့် အပိုင်းအစကိုရယူရန်ကြိုးကို ဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။
ထို့နောက်သင်္ဘောသားများသည် ၎င်းတို့ကျွန်းဆီသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု ကားလို့စ်က ဖြစ်စဉ်၏အသေးစိတ်ကို ထုတ်ဖော်ခြင်းမရှိဘဲ ပြောကြားခဲ့သည်။
ယခင်ကလည်း တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့၏ သင်္ဘောများသည် အငြင်းပွားဖွယ် ရေပိုင်နက်များအတွင်း ဖိလစ်ပိုင်တပ်ဖွဲ့များအတွက် ပေးပို့သည့် ရိက္ခာတင်သင်္ဘောများကို ပိတ်ဆို့ဟန့်တားမှုများရှိခဲ့သော်လည်း ယ ခုကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်၏ လက်ဝယ်တွင်ပိုင်ဆိုင်ထားသည့် ပစ္စည်းတစ်ခုကို စီးနင်းသိမ်းယူသည့် ဖြစ်စဉ်မျိုး မရှိခဲ့ပေ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောသည် ယင်းအပိုင်းအစကို အင်အားသုံး သိမ်းယူခဲ့ခြင်းမရှိဘဲ မိမိတို့၏တောင်းဆိုမှုကြောင့် ဖိလစ်ပိုင်သင်္ဘောသားများဘက်က လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့သည်။ Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်