Top News

ပရီးမီးယားလိဂ်၏ ဒီဇင်ဘာလအကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းများထုတ်ပြန်
24htopnews | January 3, 2025 6:12 AM CST

ပရီးမီးယားလိဂ်၏ ဒီဇင်ဘာလ အကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းများကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုအတွက် ဆာလာနှင့် အီဆက်ခ်တို့ အပြိုင်ဖြစ်နေကြောင်း သိရသည်။

အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား(၈) ဦးစာရင်းတွင် အာနိုးလ်(လီဗာပူးလ်)၊ ဂစ်ဘ်စ်ဝှိုက်(နော်တင်ဟမ်)၊ ဟူဆန် (ဘုန်းမောက်)၊ အီဆက်ခ်(နယူးကာဆယ်)၊ ဂျာကော့ဘ်မာဖီ(နယူးကာဆယ်)၊ ပါလ်မာ(ချယ်လ်ဆီး)၊ ရော်ဘင်ဆင်(ဖူလ်ဟမ်)နှင့် ဆာလာ(လီဗာပူးလ်)တို့ ပါဝင်ခဲ့သည်။

အီဆက်ခ် နှင့် ဆာလာတို့သည် ဒီဇင်ဘာလအတွင်း သွင်းဂိုးများ၊ ဖန်တီးမှုများနှင့် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ဆုရရှိရန် ရေပန်းစားနေခြင်းဖြစ်ကြောင်း သိရသည်။

အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းတွင် နူနိုဆန်တို(နော်တင်ဟမ်)၊ အက်ဒီဟောင်း(နယူးကာဆယ်)၊ အိုင်ရာအိုလာ(ဘုန်းမောက်)နှင့် အာနယ်ဆလော့(လီဗာပူးလ်)တို့ ပါဝင်ခဲ့ပြီး နူနိုဆန်တိုက ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းတွင် အီဆက်ခ်(နယူးကာဆယ်)၊ လမ့်ပ်တေး(ဘရိုက်တန်)၊ အာမက်(မန်ယူ)၊ အူနယ်လ်(ဘုန်းမောက်)၊ ပါလ်မာ(ချယ်လ်ဆီး)၊ ကွန်ညာ(ဝုလ်ဗ်)၊ ခရစ္စဝုဒ်(နော်တင်ဟမ်)တို့ ပါဝင်ခဲ့သည်။

အကောင်းဆုံးကာကွယ်မှုဆုအတွက် ဆန်ခါတင်စာရင်းတွင် ရာယာ(အာဆင်နယ်)၊ မက်ဇ်ဆဲလ်စ်(နော်တင်ဟမ်)၊ မာတီနက်ဇ်(ဗီလာ)၊ ဆန်းချက်ဇ်(ချယ်လ်ဆီး)၊ အော်တေဂါ(မန်စီးတီး)နှင့် ဝေါ်လ်တာ(အစ်ဝစ်ချ်)တို့ ပါဝင်ခဲ့သည်။


READ NEXT
Cancel OK