Top News

ယခုနှစ် Ballon d'Or ဆုသည် တရားမျှတမှုမရှိဟု ပြောကြားခဲ့သည့်  စီရော်နယ်လ်ဒို၏ မှတ်ချက်စကားကို ရိုဒရီ တုံ့ပြန်
24htopnews | January 3, 2025 6:12 AM CST

ယခုနှစ် Ballon d'Or ဆုသည် တရားမျှတမှုမရှိကြောင်း ပေါ်တူဂီနာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ မှတ်ချက်စကားကို အကောင်းဆုံးဆုရှင်ဖြစ်သူ ရိုဒရီက တုံ့ပြန်ခဲ့ကြောင်း သိရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော Globe Soccer Awards ဆုပေးပွဲတွင် စီရော်နယ်လ်ဒိုက ယခုနှစ် Ballon d'Or ဆုနှင့် ပတ်သက်၍ ''ဗင်နီစီယပ်စ်ဂျူနီယာက Ballon d'Or ဆု ရရှိခဲ့သင့်ပါတယ်။ ကျွန်တော့်ယူဆချက်ကတော့ အရမ်းရှင်းလင်းပါတယ်။ ဒါဟာ မမျှတတာပါပဲ။ ဒါဟာ ကျွန်တော် ဘာကြောင့် Globe Soccer Awards ဆုပေးပွဲအခမ်းအနားကို နှစ်သက်မြတ်နိုးတယ်ဆိုတာ အဲဒါကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့က ရိုးသားကြပါတယ်''ဟု မှတ်ချက်ပြုခဲ့သည်။

ယင်းသို့ ပြောကြားမှုအပေါ် ရိုဒရီက ''ကျွန်တော့်အနေနဲ့ တကယ်ကို အံ့အားသင့်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ အားလုံးထက်ကို Ballon d'Or လုပ်ဆောင်ပုံ၊ Winner ဆုရှင် ရွေးချယ်မှုတွေကို ပိုသိသူ ဖြစ်နေလို့ပါပဲ။ ဒီနှစ်မှာလည်း ဂျာနယ်လစ်တွေက ကျွန်တော့်အနေနဲ့ ဆုရသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဖြစ်နိုင်တာက ဒီဂျာနယ်လစ်တွေကပဲ သူဆုရတဲ့ တချို့နှစ်တွေမှာ သူ့ကိုပဲ မဲပေးခဲ့ကြပြီး အဲဒီအချိန်မှာ သူကလည်း သဘောတူခဲ့ပါတယ်''ဟု တုံ့ပြန်ပြောကြားခဲ့သည်။


READ NEXT
Cancel OK