
ဘာစီလိုနာအသင်း၏ ကြယ်ပွင့်ကစားသမား ယမားလ်သည် ကြာသပတေးနေ့တွင် လေ့ကျင့်မှု ပြန်လုပ်နိုင်ခဲ့သည့်အတွက် စပိန်စူပါဖလားပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
ယမားလ်(၁၇ နှစ်)သည် ဒီဇင်ဘာ(၁၅)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လီဟာနက်စ်နှင့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သည့်အတွက် ရက်သတ္တပတ်အနည်းငယ် အနားယူနေခဲ့ရခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ၎င်းဒဏ်ရာရရှိသည့် ကာလအတွင်း လာလီဂါပွဲစဉ်တစ်ပွဲသာ ယှဉ်ပြိုင်ခဲ့ရသည့်အတွက် ယမားလ်အား အနားပေးရခြင်းအတွက် ဆုံးရှုံးမှုမကြီးမားခဲ့သော်လည်း အက်သလက်တီကိုအသင်းနှင့် အမှတ်လုပွဲ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး ရှုံးနိမ့်ခဲ့သောကြောင့် ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ဇန်နဝါရီ(၄)ရက်တွင် စပိန်ဘုရင့်ဖလားပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ယမားလ်သည် ဇန်နဝါရီ(၈)ရက်တွင် ဘီလ်ဘာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှသာ ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်