
မြောက်ကိုရီးယားသည် နိုဝင်ဘာ ၂ ရက်က ဒုံးကျည် ၁၀ စင်းကျော်ပစ်လွှတ်ခဲ့ပြီး ယင်းဒုံးကျည်များအနက် ဒုံးကျည်တစ်စင်းသည် တောင်ကိုရီးယားရေပိုင်နက်အနီးသို့ ကျရောက်ခဲ့ပြီး ယင်းဖြစ်ရပ်သည် နယ်မြေ ကျူးကျော်မှုတစ်ခုဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ တာတိုပစ်ပဲ့ထိန်း ဒုံးကျည်တစ်စင်းသည် ကိုရီးယားနှစ်နိုင်ငံအကြား တရားဝင်မဟုတ်သည့် ပင်လယ်ရေကြောင်းဆိုင်ရာ နယ်စပ်စည်းကို ဖြတ်သန်းခဲ့သဖြင့် ယူလန်ဒိုကျွန်းပေါ်တွင်နေထိင်သည့် ဒေသခံများအတွက် ဘန်ကာများထဲတွင် အကာအကွယ်ယူရန် ရှားပါးသတိပေးချက်ထုတ်ပြန်ရသည့်အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
တောင်ကိုရီးယားပိုင် ရေပြင်နယ်နိမိတ်နှင့် နီးကပ်သည့်နေရာတွင် မြောက်ကိုရီးယား ဒုံးကျည်တစ်စင်းကျရောက်မှုသည် ၁၉၅၃ ခုနှစ်က ကိုရီးယားစစ်ပွဲပြီးဆုံးချိန်တွင် ကိုရီးယားကျွန်းဆွယ်ကို နှစ်ခြမ်းခွဲခဲ့ပြီးချိန်ကတည်းက ပထမဆုံးအကြိမ်ဖြစ်သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
ယင်းဒုံးကျည်သည် တောင်ကိုရီးယား၏ ပင်မနယ်မြေ၏ အရှေ့ဘက် ၃၅ မိုင်အကွာရှိ ရေပြင်များထဲသို့ ကျရောက်ခဲ့သည်ဟု စစ်တပ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားရေပိုင်နက်အနီးသို့ ကျရောက်ခဲ့သည့် ယင်းဒုံးကျည်ပစ်လွှတ်မှုသည် အလွန်ရှားပါးပြီး သည်းမခံနိုင်ကြောင်း တောင်ကိုရီးယားစစ်တပ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား၏ ဒုံးကျည်ကျရောက်ခဲ့ပြီးနောက် တောင်ကိုရီးယားက နှစ်နိုင်ငံ ပင်လယ်ရေကြောင်းဆိုင်ရာ နယ်နိမိတ်၏ မြောက်ဘက်ပိုင်းကို ဦးတည်ပြီး မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်သုံးစင်းကို ပြန်လည်ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်မှုပြီးနောက် ယူလန်ဒိုကျွန်းပေါ်တွင် လေကြောင်းစီးနင်းတိုက်ခိုက်မှု သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ယင်းသတိပေးချက်ကို နိုင်ငံပိုင် ရုပ်သံတွင် ကြေညာခဲ့ကာ ဒေသခံများအား နီးစပ်ရာ မြေအောက်ဘန်ကာများထံ ပြောင်းရွှေ့ကြရန် တိုက်တွန်းခဲ့သည်။
ယင်းဒုံးကျည်ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းက အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူခဲ့ပြီး မြောက်ကိုရီးယား၏ ရန်စမှုများသည် ပြန်လည်ပေးဆပ်ရမည့်ဆိုသည့် အခြေ အနေကို ဖြစ်ပေါ်စေရန် လျင်မြန်ပြီး ခိုင်မာသည့် အစီအစဉ်များလုပ်ဆောင်ရန် အမိန့် ထုတ်ပြန်ခဲ့သည်။
ဂျပန်နိုင်ငံကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများကို အတည်ပြုခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက အမျိုးသား လုံခြုံရေး အစည်းအဝေးခေါ်ယူရန်စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ဒုံးကျည်များ ပစ်ခတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အမြောက်ဖြင့် အကြိမ် ၁၀၀ ခန့် ထပ်မံပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
“မြောက်ကိုရီးယားဟာ ကန်ဝမ်ပြည်နယ် ကိုဆောင်အရပ်ကနေ နှစ်နိုင်ငံကြား ပင်လယ်ရေကြောင်းဆိုင်ရာ နယ်စပ်စည်းရဲ့ မြောက်ဘက်အရပ်ကို အမြောက်နဲ့ အကြိမ် ၁၀၀ ခန့် ပစ်ခတ်ခဲ့ပါတယ်”ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်