Top News

ဟောလိုးဝင်းညက အီထယ်ဝန်တွင် လူ ၁၀ ဦးအထက်ကယ်တင်ခဲ့သည့် ကိုရီးယား Livestreamer တစ်ဦး အွန်လိုင်းတွင်နာမည်ကြီးနေ
24htopnews | January 3, 2025 3:12 AM CST

ဗက်ဂျီတာအမည်ဖြင့် အွန်လိုင်းတွင် လိုက်ဖ်တင်ဆက်မှုများ ပြုလုပ်နေသည့်  တောင်ကိုရီးယားနိုင်ငံသားတစ်ဦး အီထယ်ဝန်ဟောလိုးဝင်းဖြစ်ရပ်ဆိုးအတွင်း လူ ၁၀ ဦးကျော်၏အသက်ကို ကယ်တင်ပေးခဲ့မှုဖြင့်  အင်တာနက်သုံးစွဲသူများ၏ ချီးကျူးမှုကိုခံနေရသည်။

အောက်တိုဘာ ၂၉ ရက်ညက ဆိုးလ်မြို့ရှိ အီထယ်ဝန်ရပ်ကွက်တွင် ဟောလိုးဝင်းဆင်နွှဲသူများဖြင့် ပြည့်ကျပ်စည်ကားနေရင်း လူအုပ်ကသောင်းကနင်းဖြစ်ကာ ၁၅၆ ဦးသေကျေခဲ့ပြီး ၁၅၂ ဦးဒဏ်ရာရခဲ့သည်။ ထိုညက အီထယ်ဝန်တွင် ကယ်ဆယ်ကူညီပေးခဲ့ကြသည့် သူရဲကောင်းများထဲတွင် ဗက်ဂျီတာ လည်းပါဝင်ခဲ့သည်။

၎င်းသည် ဟောလိုးဝင်းလှုပ်ရှားမှုများကို လိုက်ဖ်လွှင့်ရန် အီထယ်ဝန်သို့ ရောက်နေခြင်းဖြစ်ပြီး လူအုပ်တိုးဝှေ့မှုဖြစ်ချိန် ရောနှောပိတ်မိနေခဲ့ကာ အခြားသူများ၏အကူအညီဖြင့် သေဘေးမှလွတ်မြောက်ပြီး အခြားဒုက္ခရောက်နေသူများကို ရသမျှကယ်တင်ပေးခဲ့သည်။

ဗက်ဂျီတာ၏လူသားဆန်မှုကြောင့် အွန်လိုင်းတွင် ချီးကျူးသံများထွက်လာခဲ့ပြီး ၎င်းကဲ့ သို့လူသားများသည် ပိုပြီးပိုပြီးအောင်မြင်သင့်သည်ဟု မှတ်ချက်ပေးကြသည်။ ၎င်းသည် ယခင်က မူကြိုကျောင်းဆရာတစ်ဦးလည်း ဖြစ်သည်။

အရေးကြုံချိန် အခြားသူများကို ကူညီခြင်းမှာ ဗက်ဂျီတာအတွက်  ယခုပထမဆုံး မဟုတ်ဘဲ ပြီးခဲ့သည့် သြဂုတ်လက ဆိုးလ်တွင် အကြီးအကျယ်ရေလွှမ်းမိုးမှုဖြစ်စဉ်တုန်းကလည်း ၎င်းသည် အခြားသူများကို ကူညီခဲ့သည်။


READ NEXT
Cancel OK