
ယူကရိန်းက “ညစ်ပတ်သော ဗုံး” ကို ဖောက်ခွဲရန် စီစဉ်လျက်ရှိသည်ဟူသော မမှန်မကန်ပြောဆိုမှုများဖြင့် ရုရှားအနေဖြင့် ယူကရိန်းပဋိပက္ခအရှိန်မြင့်တက်လာအောင် လုပ်ဆောင်ခြင်းမပြုရန် အောက်တိုဘာ ၂၄ ရက်တွင် နေတိုးအကြီးအကဲက သတိပေးခဲ့သည်။
ယူကရိန်းက အဆိုပါလက်နက်ကို အသုံးပြုနိုင်သည်ဟူသော မော်စကို၏ အကြိမ်ကြိမ်စွပ်စွဲပြောဆိုမှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက် နေတိုးအကြီးအကဲ ယန်းစတိုလ်တင်ဘတ်က အထက်ပါအတိုင်း သတိပေးစကား ပြောကြားခြင်းဖြစ်သည်။ အဆိုပါစွပ်စွဲပြောကြားမှုများကြောင့် ရုရှားက “ညစ်ပတ်သော ဗုံး” ကို အသုံးပြုလာနိုင်ကာ ကိယက်ဗ်ကို အပြစ်တင်မည့်အနေအထားအပေါ် စိုးရိမ်မှုများ ပေါ်ပေါက်လာသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရွိုင်ဂူသည် သုံးရက်အတွင်း ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၂၃ ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်နှင့် ဖုန်းပြောဆိုခဲ့ပြီး နေတိုးအဖွဲ့ဝင် အခြားသုံးနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများနှင့်လည်း ဖုန်းစကားပြောခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထိုသို့ဖုန်းဖြင့်ပြောဆိုရာတွင် ရုရှားကာကွယ်ရေးဝန်ကြီးက အဆိုပါဗုံးကိစ္စကို ပြောကြားခဲ့သည်ဟု ဆိုသည်။
ယူကရိန်းက ၎င်းနယ်မြေ၌ပင် ရေဒီယိုသတ္တိကြွဗုံးကို အသုံးပြုရန် စီစဉ်နေသည်ဟု စွပ်စွဲပြောကြားခြင်းအတွက် အောက်တိုဘာ ၂၃ ရက်တွင် ကိယက်ဗ်က ရုရှားကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး ပဋိပက္ခမြင့်တက်လာ စေရေးအတွက် ရုရှား၏ မူမမှန်သောအကြောင်းပြချက်မှန်သမျှကို ဆန့်ကျင်ကြရန် ယူကရိန်းက အနောက်မဟာမိတ်များကို ချက်ချင်းသတိပေးခဲ့သည်။ အဆိုပါစွပ်စွဲပြောဆိုမှုများသည် အန္တရာယ်ကြီးမားသော အလိမ်အညာများဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရွိုင်ဂူနှင့် အော်စတင်တို့ မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၂၁ ရက်တွင် စကားပြောခဲ့ကြပြီးနောက် အောက်တိုဘာ ၂၃ ရက်တွင် ထပ်မံစကားပြောခဲ့သည့် ကိစ္စကို ရုရှားက အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ယူကရိန်းအခြေအနေသည် ပိုမိုဆိုးရွားနေသည်ဟု အခြားဖုန်းခေါ်ဆိုမှုများတွင် ရွိုင်ဂူက ပြောကြားခဲ့သည်။
ယူကရိန်းက ၎င်း၏နယ်မြေ၌ပင် ရေဒီယိုသတ္တိကြွဗုံးကိုအသုံးပြုရန်စီစဉ်နေသည်ဟု ရုရှား၏ မမှန်ကန်သောပြောဆိုမှုများနှင့် ပတ်သက်၍ နေတိုးအကြီးအကဲစတိုလ်တင် ဘတ်သည် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် ပြောဆိုခဲ့သည်။
“ဒီစွပ်စွဲမှုကို နေတိုးမဟာမိတ်အဖွဲ့က ပယ်ချပါတယ်။ ပဋိပက္ခ အရှိန်မြင့်တက်စေဖို့ ရုရှားအနေနဲ့ ဒီစွပ်စွဲချက်ကို ယိုးမယ်ဖွဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုပါနဲ့။ ကျွန်တော်တို့ကတော့ ယူကရိန်းကို ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံမှာဖြစ်ပါတယ်” ဟု စတိုလ်တင်ဘတ်က Twitter တွင် ရေးသားခဲ့သည်။
ယူကရိန်းသည် ရေဒီယိုသတ္တိကြွပစ္စည်းများပါသော သမားရိုးကျဗုံးဖြစ်သည့် Dirty Bomb (ညစ်ပတ်သော ဗုံး)ကို ဖန်တီးရန် နီးစပ်နေသည်ဟု ရုရှားက စွပ်စွဲထားသည်။ အဆိုပါဗုံးသည် တကယ့်ခြိမ်းခြောက်မှုဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာဗရို့ဗ်ကလည်း ထုတ်ဖော်ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်