
အောက်တိုဘာ ၂၅ ရက် နံနက်လင်းအားကြီးအချိန်တွင် ယူဂန်ဒါနိုင်ငံရှိ မျက်မမြင်စာသင်ကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၁၁ ဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် အစိုးရဝန်ကြီးတစ်ဦးက ပြောကြားသည်။
သေဆုံးသူများထဲတွင် အများစုသည် ကလေးများဖြစ်သည်ဟု ဆိုသည်။
“မီးလောင်ရတဲ့ အကြောင်းရင်းကို လောလောဆယ်မသိရသေးဘူးဆိုပေမယ့် လက်ရှိအချိန်ထိ ၁၁ ဦး သေဆုံးထားပါတယ်။ ခြောက်ဦးကတော့ စိုးရိမ်အခြေအနေနဲ့ ဆေးရုံတင်လိုက်ရပါတယ်” ဟု ယူဂန်ဒါရဲတပ်ဖွဲ့က Twitter တွင် ဖော်ပြခဲ့သည်။
မီးလောင်မှုသည် အောက်တိုဘာ ၂၅ ရက် နံနက် ၁ နာရီခန့်(အောက်တိုဘာ ၂၄ ရက်ည)တွင် မြို့တော် ကမ်ပါလာ၏ အရှေ့ဘက် မူကိုနိုခရိုင်ရှိ ဆာလာမာမျက်မမြင်ကျောင်းတွင် ဖြစ်ပွားခြင်းဖြစ်သည်။
မီးလောင်ရသည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အသေးစိတ်များကို နောက်ပိုင်းတွင် ထုတ်ပြန်ပေးမည်ဟု ဆိုသည်။
“သေသူအများစုဟာ ကလေးတွေဖြစ်ပါတယ်။ မိဘတွေကိုယ်စား ဝမ်းနည်းပါတယ်” ဟု ပြည်နယ်ရေးဝန်ကြီး ဗိုလ်ချုပ်ခါဟင်ဒါအိုတာဖီရီက အေအက်ဖ်ပီကို ပြောကြားသည်။
စာသင်ကျောင်းကို ရဲအကာအရံများဖြင့် ပိတ်ထားလိုက်ကြောင်း၊ အပြည့်အဝ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ယူဂန်ဒါပြည်ထဲရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။
“အစိုးရအဖွဲ့အနေနဲ့ကတော့ မီးလောင်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ လက်သည်တရားခံရှိရင်တော့ သူတို့ကို အပြစ်ပေးရပါလိမ့်။ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
သေဆုံးသွားသည့် ကလေးတစ်ဦး၏ ဖခင်ရစ်ချက်မူဟင်ဘာကမူ “ကျွန်တော့်ရဲ့ နာကျင်မှုကို စကားလုံးနဲ့တောင် ဖော်ပြလို့မရပါဘူး” ဟု အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
“အောက်တိုဘာ ၂၂ ရက်နေ့က ကျွန်တော့်ကလေးဆီ သွားခဲ့ပါတယ်။ သူဟာ ကျန်းမာရေးကောင်းနေပါတယ်။ သုံးရက်တောင် မကြာသေးဘူး သူမရှိတော့ပါဘူး။ ဒီဝေဒနာကို ဖြေဖျောက်ဖို့ ကျွန်တော့်ကို အချိန်ပေးကြပါ” ဟု မူဟင်ဘာက ပြောကြားသည်။
သေဆုံးသွားသော ကလေးသည် အသက် ၁၅ နှစ်အရွယ်ရှိသည်ဟုသိရပြီး မူဟင်ဘာသည် သားသမီးငါးဦး၏ ဖခင်ဖြစ်သည်ဟု ဆိုသည်။
ဆာလာမာ မျက်မမြင်ကျောင်းကို ၁၉၉၉ ခုနှစ် ဧပြီလထဲတွင် မူကိုနိုဒေသန္တရအစိုးရအဖွဲ့က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အသက်ခြောက်နှစ်မှ ၂၅ နှစ်အရွယ် လူငယ်များကို စောင့်ရှောက်ပေးထားသည်ဟု သိရသည်။
အရှေ့အာဖရိကနိုင်ငံ ယူဂန်ဒါသည် မကြာသေးမီနှစ်များတွင် စာသင်ကျောင်း မီးလောင်မှုဖြစ်ရပ် အများအပြား ဖြစ်ပွားခဲ့သည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ယူဂန်ဒါမြောက်ပိုင်းရှိ ဘော်ဒါကျောင်း တိုက်ခိုက်ခံရသဖြင့် ယောကျ်ာလေး ၁၁ ဦးသေဆုံးခဲ့ပြီး လူ ၂၀ ပြင်းထန်မီးလောင်ဒဏ်ရာများရရှိခဲ့သည်။ ၂၀၀၈ ဧပြီလတွင် မိန်းကလေးကျောင်း ဆောင်မီးလောင်သဖြင့် ကျောင်းသူ ၁၈ ဦး သေဆုံးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်