
ပြီးခဲ့သည့်သီတင်းပတ်က ငါးနှစ်လျှင် တစ်ကြိမ်ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါ တီညီလာခံအပြီးတွင် တရုတ်သည် ထိုင်ဝမ် ၏ ဒီမိုကရေစီမဟာမိတ်အချို့ကို ၎င်းဘက်ပါစေရန် လုပ်ဆောင်မှုအပါအဝင် ထိုင်ဝမ်အပေါ် သံတမန်ရေးအရ ထိုးနှက်မှုများကို တိုးမြှင့်ပြုလုပ်ဖွယ်ရှိနေသည်ဟု ထိုင်ဝန်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီညီလာခံသည် အောက်တိုဘာ ၂၂ ရက်က ပြီးဆုံးသွားခဲ့ပြီး သမ္မတရှီကျင်းပင်သည် တတိယသက်တမ်းအတွက် ရွေးကောက်ခံခဲ့ရသည်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူက ပါလီမန်သို့ အစီရင်ခံစာတင်သွင်းချိန်တွင် တရုတ်သည် ထိုင်ဝမ်အပေါ် လုံခြုံရေးခြိမ်းခြောက်မှုနှင့် သံတမန်ရေးအရဖိနှိပ်မှုတို့ကို တိုးမြှင့်ဖွယ်ရှိနေသည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။
“တရုတ်ဟာ ထိုင်ဝမ်အပေါ် ထိုးနှက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ပိုမိုတိုးမြှင့်ဖွယ်ရှိနေပါတယ်။ အထူးသဖြင့် သံတမန်ဆိုင်ရာ နယ်ပယ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့စိုးရိမ်ရတာဟာ အဲဒါပါပဲ”ဟု ဝူက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်၏မဟာမိတ်များကို ၎င်းဘက်သို့ပါလာစေရန်နှင့် ၎င်းအား တရားဝင်အသိအမှတ်ပြုရန် ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်နေသည်ဆိုသည့် အမည်ဖော်ပြမထားသည့် သံတမန်ရေးရာ မဟာမိတ်များထံမှ ထောက်လှမ်းရေးသတင်းများနှင့် အချက်ပြမှုများကို ထိုင်ဝမ်က လက်ခံရရှိခဲ့သည်ဟု ဝူက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ သံတမန်ရေးရာ စိန်ခေါ်မှုတွေက ပိုပြီး ကြီးသထက်ကြီး လာပါတယ်။ ရှေ့ကိုမျှော်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အခြေအနေဟာ ပိုပြီးခက်ခဲလာပါတယ်”ဟု ၎င်းက ဆိုသည်။
ဝူ၏ သက်တမ်းအတွင်း ယခင်ကထိုင်ဝမ်ကို တရားဝင်အသိအမှတ်ပြုခဲ့သည့် နိုင်ငံများအနက် ခြောက်နိုင်ငံသည် တရုတ်ပြည်မကြီးအစိုးရကို ပြောင်းလဲပြီးတရားဝင်အသိအမှတ်ပြုခဲ့သည်။
လက်ရှိတွင် ထိုင်ဝမ်အစိုးရကို တရားဝင် အသိအမှတ်ပြုထားသည့်နိုင်ငံ ၁၄ နိုင်ငံသာရှိပြီး အများစုမှာ ပစိဖိတ်၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသတို့မှ ဆင်းရဲပြီး ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည်။
တရုတ်နှင့် ထိုင်ဝမ်တို့က ၎င်းတို့ကို တရားဝင်အသိအမှတ်ပြုမှုရရှိစေရန် အခြားနိုင်ငံများကို ငွေကြေးဖြင့် စည်းရုံးသိမ်းသွင်းနေသည်ဟု အပြန်အလှန်စွပ်စွဲခဲ့ကြသည်။
တရုတ်သည် ၎င်းင်း၏အုပ်ချုပ်မှုကို လက်ခံရန် ထိုင်ဝမ်ကို သံတမန်ရေးနှင့်စစ်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။
ထိုင်ဝမ်အစိုးရကမူ ထိုင်ဝမ်ကျွန်း၏ ဒေသခံ ၂၃ သန်းသည် မိမိတို့အနာဂါတ်ကို မိမိတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ထိုင်ဝမ်သည် မည်သည့်အခါကမျှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရှိမနေခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်၏ ရန်လိုခြိမ်းခြောက်မှုများကို အလျှော့ပေးမည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့ပြီး ထိုင်ဝမ်အပေါ် တရုတ်က တိုးမြှင့်ဖိအားပေးလာခြင်းနှင့် ယူကရိန်းအား ရုရှား၏ကျူးကျော်မှုကိုလည်း နှိုင်းယှဉ်ပြောဆိုခဲ့သည်။
“ရုရှားက ယူကရိန်းကို အကြောင်းမဲ့ကျူးကျော်ခဲ့တာက အကောင်းဆုံး ဥပမာတစ်ခုပါပဲ။ ဒါဟာ နယ်ချဲ့ရေးဝါဒကို အောင်မြင်စွာ ပုံဖော်ဖို့ အာဏာရှင်ဆန်တဲ့ အစိုးရတစ်ရပ်ဟာ ဘာမဆိုလုပ်ရဲတယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်” ဟုလည်း ဆန်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်