
ရုရှား၏ ကျူးကျော်မှုကြောင့် စီးပွားရေး ဆိုးရွားစွာ ထိခိုက်နေမှုနှင့်အတူ လာမည့်နှစ်အတွက် ခန့်မှန်းထားသည့် ဘတ်ဂျက်လိုငွေပြမှုပမာဏ ဒေါ်လာ ၃၈ ဘီလျံကို ကူညီထောက်ပံ့ပေးရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အောက်တိုဘာ ၂၅ ရက် တွင် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။
ထိုအချိန်အတောအတွင်း ရုရှားသည် ဒွန်ဘက်စ်ဒေသရှိ ဘက်ခ်မွတ်မြို့ကို လက်နက်ကြီးများဖြင့် အဆက်မပြတ်တိုက်ခိုက်နေပြီး ယင်းမြို့တွင် ရုရှားတပ်ဖွဲ့များနှင့် ယူကရိန်းတပ်ဖွဲ့များအကြား ပြင်းထန်သည့်တိုက်ပွဲများဖြစ်ပွားနေပြီး မီးခိုးများထွက်နေသည့်မြင်ကွင်းများကို အေအက်ဖ်ပီသတင်းထောက်များက မြင်တွေ့ခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်မူ ရုရှားလက်ထောက်သံအမတ် ဒီမီထရီပိုလီ ယန်စကီး ယူကရိန်းသည် ရေဒီယိုသတ္တိကြွပစ္စည်းများပါဝင်သည့် သမားရိုးကျဗုံးကို ဖောက်ခွဲရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သော်လည်း နေတိုးနှင့် အနောက်နိုင်ငံများကမူ ယင်းပြောကြားချက်ကို ငြင်းဆိုခဲ့ကြသည်။
ထိုအချိန်အတောအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ရုရှား၏ နျူကလီးယားလက်နက်အသုံးပြုမှုဆိုင်ရာ မှတ်ချက်များနှင့်ပတ်သက်ပြီး သတိပေးပြောကြားခဲ့သည်။
“ရုရှားဟာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တစ်ခု အသုံးပြုမယ်ဆိုရင် အမှားကြီးတစ်ခုပြုလုပ်လိုက်သလို ဖြစ်လာပါလိမ့်မယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
ယူကရိန်းအတွက် နိုင်ငံတကာထောက်ပံ့မှုများမှာ အောက်တိုဘာ ၂၅ ရက်အထိ ဟန်ချက်ညီစွာရှိခဲ့သည်။
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်ပြုလုပ်သည့် နိုင်ငံတကာ ပြန်လည်တည်ဆောက်ရေးညီလာခံတွင် ဇယ်လန်စကီးက ရုရှားတပ်ဖွဲ့များကျူးကျော်ခဲ့သည့် လွန်ခဲ့သည့် ရှစ်လကျော်ကထက် ပိုမိုများပြားသည့် ဘဏ္ဍာရေးအထောက်အပံ့များပေးရန် ဥရောပခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။
ယခုညီလာခံတွင် ယူကရိန်း၏ လာမည့်နှစ် ဘတ်ဂျက်လိုငွေပြမှုကို ကာမိစေသည့် ငွေကြေးပမာဏကို ထောက်ပံ့ရေးအတွက် ဆုံးဖြတ်ချက်တစ်ခုချမှတ်ရန်လိုအပ်သည်ဟု ဇယ်လန်စကီးက ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် ပြောကြားခဲ့သည်။
လာမည့်နှစ်အတွက် ဘတ်ဂျက်လိုငွေပြမှု ခန့်မှန်းပမာဏသည် ဒေါ်လာ ၃၈ ဘီလျံ အထိရှိသည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အမေရိကန်တွင်မူ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ဒီမိုကရက်များအကြား သဘောထားကွဲလွဲမှုများဖြစ်ပွားခဲ့သည်။
အောက်တိုဘာ ၂၄ ရက် ထုတ်ပြန်ခဲ့သည့် ဒီမိုကရက်များ၏ စာတစ်စောင်တွင် ဘိုင်ဒင်အနေဖြင့် ယူကရိန်းစစ်ပွဲအဆုံးသတ် ရန် ရုရှားနှင့် ပြေရာပြေကြောင်း ဆွေးနွေးညှိနှိုင်းမှုတစ်ခု ပြုလုပ်ရန် တိုက်တွန်းထားပြီး ၎င်းတို့အနေဖြင့် ယူကရိန်းပဋိပက္ခအတွင်း ထောက်ပံ့မှုများအတွက် ငွေကြေးသုံးစွဲမှုအပေါ် သည်းခံနိုင်မှုအတိုင်းအတာမှာ အကန့်အသတ်တစ်ခုသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း အဆိုပြုခဲ့သည်။
ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ခေါင်းဆောင် ကီဗင်မက်ကာသီကလည်း အမေရိကန်သည်ယူကရိန်းစစ်ပွဲအတွက် ငွေကြေးအများအပြား သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်