
ဟေတီနိုင်ငံတွင် ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားမှုသည် လျင်လျင်မြန်မြန် ပျံ့နှံ့နေပြီး ကူးစက်ခံရသူအရေအတွက်သည်ရက်ပိုင်းအတွင်း လူ ၂၀၀၀ နီးပါးသို့ နှစ်ဆမြင့် တက်လာခဲ့ကာ ယင်းရောဂါကြောင့်သေဆုံးသူ ၄၁ ဦးထက်မနည်း ရှိလာခဲ့သည်ဟုကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ရက်တွင် ပြောကြားခဲ့သည်။
လူ ၁၀,၀၀၀ ကျော်သေဆုံးစေခဲ့သော ၂၀၁၀ ခုနှစ်ကစတင်ဖြစ်ပွားခဲ့သည့် ကာလဝမ်းရောဂါကူးစက်မှုကို အမြစ်ပြတ်ချေမှုန်းခဲ့ပြီးနောက် သုံးနှစ်အကြာအောက်တိုဘာလ အစောပိုင်းတွင် ကာလဝမ်းရောဂါကူးစက်မှု အသစ်ပြန်လည်ဖြစ်ပွားလာခဲ့သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်မတိုင်မီအထိ ကာလဝမ်းရောဂါဖြစ်ပွားသူအရေအတွက်ဟာ တဖြည်းဖြည်းတိုးလာခဲ့ပေမယ့် အခုအချိန်မှာတော့ စိုးရိမ်ဖွယ်အနေအထားအထိ သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ အဲဒါကြောင့် အခြေအနေဟာ ပိုပြီးစိန်ခေါ်မှုရှိလာတဲ့အနေအထား ရောက်ရှိလာပါပြီ”ဟု ဟေတီရှိ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူး ယူရီကာရစ်ချတ် ဆန်က ပြောကြားခဲ့သည်။
“ကာလဝမ်းရောဂါဟာ သေစေနိုင်ပေ မယ့်လည်း ဒီရောဂါဟာ ကြိုတင်ကာကွယ်ပြီး ကုသလို့ရပါတယ်”ဟု ၎င်းကပြောကြားခဲ့ကာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် မြန်နှုန်းသည် အဓိကကျသည်ဟု ထပ်မံပြောကြားခဲ့သည်။
လက်နက်ကိုင်ဂိုဏ်းအဖွဲ့များ၏ တားဆီးပိတ်ပင်မှုကြောင့် သန့်ရှင်းသောရေနှင့် လောင်စာဆီ အဓိကပြတ်လပ်မှုများကို ဆက်လက်ရင်ဆိုင်နေရသည့် ဟေတီအာဏာပိုင်များနှင့် NGO အဖွဲ့များကို ကုလသမဂ္ဂ၏ တိုက်ရိုက်တိကျသော ထောက်ပံ့မှုများကို ရစ်ချတ်ဆန်က ချီးကျူးပြောကြားခဲ့သည်။
အောက်တိုဘာ ၁၉ ရက်နှင့် ၂၃ ရက်အတွင်း ဟေတီတွင် သံသယဖြစ်ဖွယ်ကာလဝမ်း ရောဂါဖြစ်ပွားသူ ၉၆၄ ဦးမှ ၁၉၇၂ ဦးအထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူဦးရေသည် ၃၃ ဦးမှ ၄၁ ဦးအထိ မြင့်တက်လာခဲ့သည်ဟု ဟေတီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကာလဝမ်းရောဂါဖြစ်ပွားမှုဖြစ်စဉ်အများစုကို အောက်စ်ပိုင်နက်နှင့် ပို့အူပရင့်စ်မြို့တော်အထူးသဖြင့် Cite Soleil ဟု လူသိများသည့် ဆင်းရဲသားရပ်ကွက်တွင်ဖြစ်သည်။
UNICEF ၏အဆိုအရ ကာလဝမ်းရောဂါကူးစက်မှုဖြစ်စဉ်များ၏ ထက်ဝက်ခန့်သည် အသက် ၁၄ နှစ်အောက် ကလေးများဖြစ်သည်ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတက်ဖန် ဒူဂျာရစ်က ပြောကြားခဲ့သည်။
ဟေတီ၏ အဓိက လောင်စာဆီတင်ပို့မှုဂိတ်ကို လက်နက်ကိုင်ဂိုဏ်းက ပိတ်ဆို့ထားမှုကြောင့် လောင်စာဆီပြတ်လပ်မှုသည် NGO များ၏ လုပ်ငန်းဆောင်တာများကို ရှုပ်ထွေးစေပြီး ကာလဝမ်းရောဂါကို တိုက်ဖျက်မှုတွင် အရေးပါသည့် သန့်ရှင်းသော ရေကိုပို့ဆောင်မှုများအား အနှောင့်အယှက်ဖြစ်စေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
ရစ်ချတ်ဆန်က သူသည် ကာလဝမ်းရောဂါ ကုသရေးစင်တာအများစုသို့သွားရောက်ခဲ့ပြီး ကာလဝမ်းရောဂါဖြစ်ပွားသူကလေးများသည် အာဟာရချို့တဲ့နေသောကြောင့် ၎င်းတို့၏လက်များသို့မဟုတ် ခြေထောက်များအတွင်းသို့ အရည်သွင်းပေးသည့်ပိုက်တပ်ရန် ခက်ခဲနေသည့် စိတ်မကောင်းဖွယ်မြင်ကွင်းများကို မြင်တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်