
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၂၅ ရက်တွင် အဆင့်မြှင့်တင်ထားသည့် ထပ်တိုး COVID-19 ကာကွယ်ဆေးကို ထိုးနှံခဲ့ပြီး နိုင်ငံသားများအနေဖြင့်ဆောင်းရာသီမတိုင်မီ ၎င်းကိုနမူနာယူကြရန် တိုက်တွန်းခဲ့ကာ အသစ်တစ်ဖန်ပြန်လာမည့် ဗိုင်းရပ်စ်လှိုင်းတွင်မည်သူတစ်ဦးတစ်ယောက်မျှ သေဆုံးရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၇၉ နှစ်အရွယ် ဘိုင်ဒင်သည် လွန်ခဲ့သည့်သုံးလက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသော်လည်း ရောဂါလက္ခဏာ မပြင်းထန်ဘဲ မတ်လကုန်ပိုင်းတွင် ဒုတိယမြောက်ထပ်တိုးကာကွယ်ဆေးကို ထိုးနှံခဲ့ပြီးဖြစ်သည်။
အိမ်ဖြူတော်တွင် သတင်းထောက်များရှေ့၌ ထိုးနှံခဲ့သော အဆင့်မြှင့်ထားသည့် ထပ်တိုးကာကွယ်ဆေးသည် ဗိုင်းရပ်စ်၏ထပ်ဆင့် မျိုးကွဲနှစ်ခုအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။
ကျေးဇူးတော်နေ့နှင့် နှစ်ကုန်ပိုင်းတွင်ကျရောက်မည့် အဓိက အားလပ်ရက်ခရီးသွားကာလမတိုင်မီ အဆင့်မြှင့်ထားသည့် ကာကွယ်ဆေးအမျိုးအစားကို ထိုးနှံကြရန်ဘိုင်ဒင်က တိုက်တွန်းခဲ့သည်။
“ကျွန်တော်အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းချင်တာကတော့ အမြန်ဆုံးကာကွယ်ဆေးတွေကို ထိုးနှံကြဖို့ပါပဲ”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
ဆက်လက်၍ ဘိုင်ဒင်က “နေ့စဉ်နေ့ တိုင်း COVID-19 နဲ့ သေဆုံးတဲ့သူ ရာနဲ့ချီ ပြီးရှိနေပါသေးတယ်။ ဒီအရေအတွက်ဟာ အခုလာမယ့် ဆောင်းရာသီမှာ ပိုပြီးမြင့်တက်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ အခုနှစ်မှာတော့သေဆုံးမှုအားလုံးနီးပါးကို ကာကွယ်နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။
အစိုးရနှင့် အဓိက ဆေးဆိုင်ကြီးများအနေဖြင့် ထပ်တိုးကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ရန်နှင့် အခမဲ့ရရှိနိုင်ရန်အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
“အခုနှစ်မှာ COVID-19 ကြောင့်သေဆုံးမယ့် လူအားလုံးနီးပါးဟာ အဆင့်မြှင့်ထပ်တိုးကာကွယ်ဆေးကို မထိုးနှံကြတာ ဒါမှမဟုတ် သူတို့တွေ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အချိန်မှာ အစိုးရက ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ ကုသနည်းတွေကို မရယူတာတွေကြောင့်ဖြစ်ပါလိမ့်မယ်”ဟု ဘိုင်ဒင်က အလေးပေးပြောကြားခဲ့သည်။
ကာကွယ်ဆေးထိုးခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ ရှည်လျားသော နိုင်ငံရေးဆိုင်ရာကွဲ လွဲမှုများ၏သမိုင်းကြောင်းကို ဖြေရှင်းသည့်အနေဖြင့် ဘိုင်ဒင်က အမေရိကန်နိုင်ငံသားများအနေဖြင့် နိုင်ငံတစ်ခုအဖြစ် အသစ်ကပြန်စကာ COVID-19နဲ့ပတ်သက်ပြီး တိုက်ပွဲဟောင်းများအားလုံးကို ချန်ထားခဲ့ပြီး ဘက်လိုက်သည့် ပါတီနိုင်ငံရေးများအားလုံးကိုဖယ်ထားရန် တိုက်တွန်းခဲ့သည်။
“ကျွန်တော်တို့တွေ COVID-19 ကပ်ရောဂါကာလမှာ အမေရိကန်နိုင်ငံသား တစ်သန်းလုံးကို ဆုံးရှုံးခဲ့ပြီးပါပြီ”ဟုဘိုင်ဒင်က ပြောကြားခဲ့ပြီး ယင်းအား ဆိုးရွားသည့်ရောဂါဟု ခေါ်ဆိုခဲ့သည်။
သက်ကြီးရွယ်အို ငါးဦးတွင် တစ်ဦးအပါအဝင် အမေရိကန်နိုင်ငံသား သန်း ၂၀ ကိုသာ အဆင့်မြှင့်ထားသည့် ထပ်တိုးကာကွယ်ဆေးများ ထိုးနှံပြီးစီးကြောင်း အိမ်ဖြူတော်ကထုတ်ပြန်ထားသည်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၆၂၉ သန်းရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၆.၅၈ သန်းရှိသည်ဟု တရားဝင်ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်