ပင်လယ်နက်ပေါ်တွင် ရုရှား ရဟတ်ယာဉ်ကို ရေတပ်ဒရုန်းဖြင့်ပစ်ချခဲ့ကြောင်း ယူကရိန်းပြောကြား
24htopnews | January 2, 2025 9:12 PM CST

ပင်လယ်နက်ပေါ်တွင် ရုရှားရဟတ်ယာဉ်တစ်စင်းကို ရေတပ်ဒရုန်းတစ်စင်းဖြင့် ပစ်ချနိုင်ခဲ့ပြီး အခြားရဟတ်ယာဉ်တစ်စင်းလည်း ထိမှန်ခဲ့ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအေဂျင်စီ (GUR) က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ခရိုင်းမီးယားဒေသ အနောက်ဘက်ကမ်းရိုးတန်းပေါ်ရှိ Cape Tarkhankut အငူအနီးတွင် ဒီဇင်ဘာ ၃၁ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ယူကရိန်း၏ ဒုံးကျည်များတပ်ဆင်ထားသည့် Magura V5 ပင်လယ်ရေကြောင်းဆိုင်ရာဒရုန်းသည် ရုရှား၏ Mi-8 ရဟတ်ယာဉ်ကို ထိမှန်ခဲ့ကြောင်း GUR က Telegram လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
ယင်းသည် ယူကရိန်း ရေတပ်ဒရုန်းက လေကြောင်းပစ်မှတ်တစ်ခုကို ပစ်ချခဲ့သည့် ပထမဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း GUR က ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ရုရှားက မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
■Ref:Reuters
■Photo: AFP
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်