
ဖီနာဘာချီအသင်းနည်းပြဖြစ်သူ မော်ရင်ဟိုက နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူရိုပြိုင်ပွဲကို ဆင်နွှဲသွားလိုကြောင်း ဖွင့်ဟခဲ့သည်။
မော်ရင်ဟိုအနေဖြင့် ၂၀၂၄ ဇန်နဝါရီလတွင် စီးရီးအေကလပ် ရိုးမားအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး တူရကီစူပါလိဂ်ကလပ် ဖီနာဘာချီအသင်းကို ပြောင်းလဲကိုင်တွယ်လျက်ရှိသည်။
၎င်းက ရိုးမားအသင်းမှ ထွက်ခွာလာပြီးကတည်းက အသင်း၏ပွဲစဉ်များကို ကြည့်ရှုခြင်း မရှိတော့ကြောင်း မှတ်ချက်ပြုခဲ့သည်။
''ရိုးမားအသင်းပွဲစဉ်တွေကို ကျွန်တော် ဘယ်တော့မှ ထပ်မကြည့်ဖြစ်တော့ပါဘူး။ ဒါပေမဲ့ အင်တာအသင်းရဲ့ပွဲတွေကိုတော့ စောင့်ကြည့်ဖြစ်တယ်။ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ တစ်ကြိမ် သို့မဟုတ် ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ကြိမ်လောက် ဆင်နွှဲလိုပါတယ်။ နိုင်ငံတစ်နိုင်ငံကို အသင်းအဖွဲ့တစ်ခုအနေနဲ့ စုစည်းပြီးတော့ပေါ့။ ကလပ်အသင်းတွေနဲ့အတူ ကျွန်တော် ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီးပါပြီ။ ဘောလုံးအတွက် ကျွန်တော် ဒါကို ပြုလုပ်ချင်ပါတယ်။ ဒါက မယုံနိုင်စရာကောင်းပါတယ်''ဟု မော်ရင်ဟိုက အီတလီသတင်းစာ Corriere dello Sport နှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် ဖီနာဘာချီအသင်းတွင် ရုန်းကန်နေရပြီး (၁၆)ပွဲကစားပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှ ဂါလာတာစာရေးအသင်းနှင့် (၈)မှတ်အထိ ကွာဟလျက်ရှိသည်။
ထို့ပြင် ယူရိုပါလိဂ်အမှတ်ပေးဇယားတွင်လည်း အဆင့် (၂၁)နေရာသို့ ရောက်ရှိနေကြောင်း သိရသည်။
မော်ရင်ဟိုသည် ဘင်ဖီကာ၊ လိုင်ရီယာ၊ ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူ၊ စပါး၊ ရိုးမားအသင်းကို ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်