
အာဆင်နယ်အသင်းသည် ဆာကာ ကာလရှည်အနားယူရမည့် တိုက်စစ်ပိုင်းအတွက် PSG အသင်းမှ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား မူအာနီကို အငှားဖြင့်ခေါ်ယူရန် အရှိန်အဟုန်မြင့် ကြိုးပမ်းလာခဲ့သည်။
အာဆင်နယ်အသင်းသည် PSG အသင်းတွင် ပုံမှန်နေရာမရဖြစ်နေသည့် မူအာနီ(၂၆ နှစ်)ကို စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်၊ အေစီမီလန်အသင်းများနှင့်အပြိုင် စိတ်ဝင်စားနေခြင်းဖြစ်သည်။
အာဆင်နယ်အသင်းအနေဖြင့် မူအာနီကို အငှားခေါ်ယူနိုင်လျှင် ကစားသမား၏ တစ်နှစ်လစာငွေဖြစ်သည့် ယူရို(၄)သန်း ပမာဏခန့် ကုန်ကျဖွယ်ရှိသည်။
PSG အသင်းကလည်း မူအာနီကို အငှား သို့မဟုတ် အပြီးသတ်ရောင်းချသွားရန် ဆန္ဒရှိနေကြောင်း သိရသည်။
သို့သော် ပြည်တွင်းကလပ်များထက် ပြည်ပသို့သာ မူအာနီကို ထွက်ကစားစေလိုခြင်းဖြစ်သည်။
မူအာနီသည် အာဆင်နယ်နည်းပြ အာတီတာ နှစ်သက်သည့် ကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းကို ထိပ်တန်းကစားသမားများဖြင့် အားဖြည့်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
Daily Mail ၏ ဖော်ပြချက်အရ အာဆင်နယ်အသင်းသည် ယခုဇန်နဝါရီတွင် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်နှင့် ဘီလ်ဘာအိုလူငယ်တိုက်စစ်ကစားသမား နီကိုဝီလီယံစ်တို့ထဲမှ တစ်ဦးဦးကို ခေါ်ယူလိုနေကြောင်း သိရသည်။
အီဆက်ခ်၏ ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း (၁၅၀) ဖြစ်ပြီး နီကိုဝီလီယံစ်၏ စာချုပ်လျော်ကြေးမှာ ပေါင် (၄၅)သန်းဝန်းကျင်သာ ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်