Top News

အသင်းပရိသတ်များ၏ လှောင်ပြောင်မှုကြောင့် မန်ယူတိုက်စစ်မှူး ဇက်ဇီ မျည်ရည်ကျခဲ့
24htopnews | January 2, 2025 6:12 PM CST

 

မန်ယူတိုက်စစ်မှူး ဇက်ဇီသည် နယူးကာဆယ်နှင့်ပွဲတွင် လူစားလဲခံရပြီးနောက် အသင်းပရိသတ်များ၏လှောင်ပြောင်မှုကြောင့် မျက်ရည်ကျခဲ့ကြောင်း သိရသည်။ 

ဒီဇင်ဘာ (၃၁)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ (၀-၂) နယူးကာဆယ်ပွဲ၌ ဇက်ဇီသည် ပွဲချိန် (၃၃) မိနစ်တွင် မိန်နူးနှင့် လူစားလဲခံခဲ့ရသည်။ 

လူစားလဲချိန်၌ မန်ယူပရိသတ်များက ဇက်ဇီကို အော်ဟစ်လှောင်ပြောင်ခဲ့ကြခြင်းဖြစ်ပြီး ဇက်ဇီ၏မျက်လုံးတွင် မျက်ရည်များ မြင်တွေ့ခဲ့ရကြောင်း Sky Sports က ဖော်ပြခဲ့သည်။ 

ဇက်ဇီသည် ပြီးခဲ့သည့်နွေတွင် ဘိုလော့ဂ်နာ အသင်းမှ မန်ယူအသင်းသို့ ပေါင် (၃၆.၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲ စုံ (၂၆)ပွဲတွင် (၄)ဂိုးသာ သွင်းထားနိုင်သေးသည်။ 

မန်ယူအသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသော်လည်း နယ်သာလန်တိုက်စစ်မှူး ဇက်ဇီအား ခေါ်ယူရန် စီးရီးအေထိပ်သီးများဖြစ်သည့် ဂျူဗင်တပ်စ်နှင့် နာပိုလီတို့က အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရသည်။  


READ NEXT
Cancel OK