Top News

လီဗာပူးလ်အသင်းနှင့် (၂)နှစ် စာချုပ်သက်တမ်းတိုးရန် ဆာလာ မူအားဖြင့် သဘောတူညီမှုရရှိ
24htopnews | January 2, 2025 6:12 PM CST

 

လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာသည် အသင်းနှင့် (၂) နှစ် စာချုပ်သက်တမ်းတိုးရန် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း Football Insider က ဖော်ပြခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်ပြီး လက်ရှိတွင် ပြည်ပကလပ်များနှင့်အကြိုစာချုပ်ချုပ်ခွင့် ရရှိထားသည်။ 

သို့သော် ဆာလာသည် လီဗာပူးလ်အသင်းတွင် ဆက်နေလိုနေပြီး လီဗာပူးလ်အသင်းကလည်း ၎င်းင်းအား ဆက်ထိန်းရန် ဆက်တိုက်ဆွေးနွေးနေပြီး ယခုအခါ (၂) သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဟု Football Insider ကို လီဗာပူးလ်အသင်း၏အတွင်းလူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။ 

သို့သော် လီဗာပူူးလ်အသင်းနှင့် ဆာလာတို့သည် စာချုပ်သစ်အတွက် အပြည့်အဝ သဘောတူညီမှုမရသေးဘဲ ကစားသမား၏ပုံရိပ်အသုံးပြုခအတွက် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရှိရသည်။ 

ဆာလာအနေဖြင့် ဝက်စ်ဟမ်းအသင်းအား အနိုင်ရသည့်ပွဲအပြီးတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် မနီးစပ်သေးဟု ပြောဆိုခဲ့ခြင်းမှာ ၎င်း၏အေးဂျင့်ဖြစ်သူ အကြံပေးချက်အရ လီဗာပူးလ်အသင်းကို လူသိရှင်ကြားဖိအားပေးသည့် မဟာဗျူဟာဖြစ်ကြောင်း Football Insider က ဖော်ပြခဲ့သည်။ 


READ NEXT
Cancel OK