
ပြင်သစ်ထိပ်သီး PSG အသင်းသည် လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာအား လီဗာပူးလ်အသင်းထက် ပိုများသည့်လစာအပြင် (၃) နှစ်စာချုပ်ဖြင့် ကမ်းလှမ်းထားကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြနေကြသည်။
အသက် (၃၂)နှစ်အရွယ်ရှိ အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိတွင် ပြည်ပကလပ်များနှင့် အကြိုသဘောတူစာချုပ် ချုပ်ဆိုခွင့်ရှိနေသည်။
လီဗာပူးလ်အသင်းသည် ဆာလာအား စာချုပ်သစ် ချုပ်ဆိုရန် ညှိနှိုင်းနေဆဲဖြစ်ပြီး ယင်းအခြေအနေတွင် PSG အသင်းက အခွင့်ကောင်းယူကာ ဆာလာကို ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
ပြင်သစ်မီဒီယာများ၏ဖော်ပြချက်အရ PSG အသင်းသည် ဆာလာအား (၃)နှစ်စာချုပ်အပြင် တစ်ပတ်လစာ ပေါင် (၅၀၀၀၀၀) ဖြင့် ကမ်းလှမ်းထားပြီဖြစ်ကြောင်း သိရသည်။
ယင်းပမာဏမှာ လက်ရှိ လီဗာပူးလ်အသင်းက ဆာလာကို ကမ်းလှမ်းထားသည့် လစာထက် ပိုများကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ဆာလာအား တစ်ပတ်လစာ ပေါင် (၄၀၀၀၀၀) အောက်ဖြင့် (၂) နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းနေပြီး မူအားဖြင့် သဘောတူညီမှုရခဲ့ပြီဟု အင်္ဂလိပ်မီဒီယာအချို့က ဖော်ပြနေကြသည်။
ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၂၆)ပွဲတွင် ဂိုး(၂၀) သွင်းယူထားပြီး လီဗာပူးလ်တွင်သာ ဆက်နေရန် ဆန္ဒရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်