
ဥရောပမှ ထိပ်တန်းဘောလုံံးသမားများကို လစာများစွွာပေးချေပြီး ခေါ်ယူနေသည့် ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် ရီးယဲလ်မက်ဒရစ်တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား ရီးယဲလ်မက်ဒရစ်အသင်းတွင် ၎င်းရရှိနေသည့် လစာထက် (၁၀) ဆတိုးပေးပြီး ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရသည်။
ဆော်ဒီပရိုလိဂ်သည် ပြီးခဲ့သည့်နွေရာသီကတည်းက ဗင်နီစီယပ်စ်အား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး၊ ကမ္ဘာ့စံချိန်တင်လစာဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းနှင့် ချုပ်ဆိုထားသည့် ဘရာဇီးလ်လက်ရွေးစင်ကစားသမား ဗင်နီစီယပ်စ်၏ လက်ရှိစာချုပ်မှာ ၂၀၂၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ဗင်နီစီယပ်စ်သည် လက်ရှိတွင် ရီးယဲလ်အသင်း၌ တစ်နှစ်လစာ ယူရို(၂၀.၈၃)သန်းရရှိနေပြီး ဆော်ဒီပရိုလိဂ်က ယင်းလစာကို (၁၀)ဆတိုးပေးပြီး ခေါ်ယူလိုနေကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ဗင်နီစီယပ်စ်(၂၄ နှစ်)ကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း ဆော်ဒီကသာ မြောက်မြားသည့်ငွေကြေးဖြင့် ကမ်းလှမ်းလာပါက လက်လွှတ်ဖွယ်ရှိနေကြောင်းလည်း သတင်းထွက်ပေါ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်