
မန်ယူနည်းပြ အာမိုရင်မ်သည် စပို့တင်းလစ္စဘွန်းအသင်းတွင် ၎င်းနှင့်လက်တွဲခဲ့ဖူးသည့် ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်အား ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများကို တောင်းဆိုထားကြောင်း သတင်းထွက်နေသည်။
အသက် (၂၆) နှစ်အရွယ်ရှိ ယိုကယ်ရက်စ်သည် အာမိုရင်မ် စပို့တင်းလစ္စဘွန်းအသင်းကို ကိုင်တွယ်စဉ်က ထိပ်တန်းအဆင့်ကို ရောက်လာခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၇၇) ပွဲတွင် ဂိုး (၇၀) အထိ သွင်းယူထားသည်။
မန်ယူအသင်းသည် အာမိုရင်မ်အား အသင်းနည်းပြအဖြစ် မခန့်အပ်မီကတည်းက ယိုကယ်ရက်စ်ကို ခေါ်ယူရန်ပစ်မှတ်ထားခဲ့ဖူးပြီး အာမိုရင်မ် မန်ယူအသင်းနည်းပြဖြစ်လာပြီးနောက် အပြောင်းအရွှေ့သတင်းများမှာ ပိုမိုကျယ်လောင်လာခဲ့သည်။
မန်ယူအသင်းသည် အာမိုရင်မ်လက်ထက်တွင် ဆက်လက်ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၁၉) အပြီးတွင် ရမှတ် (၂၂) မှတ်ဖြင့် အဆင့် (၁၄) နေရာ ရပ်တည်နေသည်။
ထို့ြ့ပင် လက်ရှိမန်ယူအသင်း၏တိုက်စစ်မှူးများဖြစ်သည့် ရပ်ရှ်ဖို့ဒ်နှင့် ဇက်ဇီတို့မှာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိနေရာ မန်ယူအသင်းအနေဖြင့် တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
ယခုအခါ Daily Star က မန်ယူနည်းပြ အာမိုရင်မ်သည် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်အား ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများကို တောင်းဆိုထားကြောင်း ဖော်ပြခဲ့သည်။
ယိုကယ်ရက်စ်သည် စပို့တင်းလစ္စဘွန်းအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ဥရောပထိပ်တန်းအသင်းများတွင် ကစားလိုကြောင်း ဝန်ခံထားသူဖြစ်သည်။
ယိုကယ်ရက်စ်သည် ဒီဇင်ဘာလက ဆွီဒင်သတင်းစာနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ၎င်း၏အိပ်မက်မှာ ပရီးမီးယားလိဂ်တွင်ကစားရန်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။
မန်ယူအသင်းအနေဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ယိုကယ်ရက်စ်ကို ခေါ်ယူမည်ဆိုပါက ၎င်း၏စာချုပ်လျော်ကြေးကို ပေးချေရမည်ဖြစ်ပြီး စာချုပ်လျော်ကြေးမှာ ပေါင်သန်း (၈၀) ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ယိုကယ်ရက်စ်ကို ခေါ်ယူမည်ဆိုပါက အသင်းရှိကစားသမားများကို အရင်ရောင်းထုတ်ရဖွယ်ရှိကြောင်း သိရှိရသည်။
မန်ယူအသင်းတာဝန်ရှိသူများသည် ယခုဇန်နဝါရီတွင် အာမိုရင်မ်၏ ကစားကွက်နှင့် အံမဝင်သည့်ကစားသမားများကို ရောင်းထုတ်ပြီး ကစားသမားသစ်များ ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အာမိုရင်မ်သည် မူလက ယိုကယ်ရက်စ်အား ဇန်နဝါရီတွင်ခေါ်ယူမည်မဟုတ်ဟု ငြင်းဆန်ခဲ့သော်လည်း ယခုအခါ မန်ယူအသင်း ရလဒ်ဆိုးရွားနေခြင်းကြောင့် ယိုကယ်ရက်စ်ကို ခေါ်ယူပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်