
လီဗာပူးလ်နှင့် ရီးယဲလ်တိုက်စစ်မှူး မိုက်ကယ်အိုဝင်က လီဗာပူူးလ်နောက်ခံကစားသမား အာနိုးလ်အနေဖြင့် လာမည့် ၂၀၂၅ နွေတွင် ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် အာနိုးလ်အား အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားသည်။
ရီးယဲလ်အသင်းက ဇန်နဝါရီစျေးကွက် စဖွင့်ချိန်တွင် အာနိုးလ်အတွက် ကမ်းလှမ်းခဲ့ပြီး လီဗာပူးလ်အသင်းက ပယ်ချခဲ့ကြောင်း သိရသည်။
ရီးယဲလ်အနေဖြင့် အာနိုးလ်အား ချက်ချင်းကမ်းလှမ်းခြင်းမှာ ကစားသမားနှင့် လျှို့ဝှက်ဆွေးနွေးမှုများရှိခြင်းဖြစ်သည်ဟု အိုဝင်က သုံးသပ်ခဲ့သည်။
အိုဝင်က ''ရီးယဲလ် ဒီလိုလုပ်လိုက်တာက အာနိုးလ်ကို အရခေါ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အာနိုးလ်အနေနဲ့ သိပ်မကြာခင် ရီးယဲလ်နဲ့ စာချုပ်ချုပ်မယ် ထင်ပါတယ်။ သူတို့ ကြားမှာ လျှို့ဝှက်ဆွေးနွေးမှုတွေ ရှိနေမှာပါ။ လီဗာပူးလ်က အာနိုးလ်ထွက်ပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်