Top News

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိ ဖိအားပေးသွားမည်ဟု လီဗာပူးလ်အသင်းကို အာဆင်နယ်နည်းပြ အာတီတာ သတိပေး
24htopnews | January 2, 2025 6:12 PM CST

အာဆင်နယ်နည်းပြ အာတီတာက မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းကို နောက်ဆုံးအချိန်အထိ ဖိအားပေးသွားမည်ဟု သတိပေးပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၁၉)အပြီးတွင် (၃၉) မှတ်ဖြင့် အဆင့် (၂)နေရာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်မှ တစ်ပွဲလျော့ကစားထားသည့် လီဗာပူးလ် (၄၅ မှတ်) နှင့် (၆) မှတ်ထိ ကွာဟနေသည်။

ထို့ကြောင့် အာဆင်နယ်အနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းကို လိုက်မီရန်ခက်မည်ဟု သုံးသပ်မှုများ ရှိနေသည်။

သို့သော် အာတီတာက ပရီးမီးယားလိဂ်တွင် ပွဲတိုင်းအနိုင်ရသည့် အသင်းမရှိကြောင်းနှင့် လီဗာပူးလ်အသင်းသာ ခြေချော်ခဲ့ပါက ၎င်းတို့အနေဖြင့် ကျော်တက်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အာတီတာက ''လီဗာပူးလ်ကို လိုက်မီမလား၊ မမီဘူးလားဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ဖို့ နေ့စဉ်နေ့တိုင်း အကောင်းဆုံးကြိုးစားသွားမှာပါ။ တကယ်လို့ လီဗာပူးလ်သာပွဲတိုင်းအနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဂုဏ်ပြုသွားမှာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းအနိုင်ရတဲ့အသင်း မရှိပါဘူး။ သူတို့ ခြေချော်ခဲ့ရင် ကျွန်တော်တို့အသင့်ရှိနေမှာပါ''ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK