Top News

ငှက်နှင့်တိုက်မိခြင်းက တောင်ကိုရီးယားလေယာဉ်ကို ပျက်ကျစေသည့်အကြောင်းရင်းဖြစ်နိုင်ဟု စုံစမ်းစစ်ဆေးသူများ ပြောကြား
24htopnews | January 2, 2025 4:12 PM CST

ရဲများက သေဆုံးသူများကို အလျင်အမြန်ဖော်ထုတ်လျက်ရှိပြီး တောင်ကိုရီးယားမြေပေါ်၌ ဖြစ်ပွားသည့် အပြင်းထန်ဆုံး လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူများ၏မိသားစုများက နောက်ထပ်သတင်းအချက်  အလက်များအတွက် အာဏာပိုင်များကို ဖိအားပေးလျက်ရှိစဉ် ငှက်နှင့်တိုက်မိခြင်းက ဂျယ်ဂျူးလေကြောင်းလိုင်း ဂျက်လေယာဉ် ပျက်ကျရခြင်း၏ဖြစ်နိုင်စရာအကြောင်းရင်းဟု ဒီဇင်ဘာ ၃၁ ရက်တွင် စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။

ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးသော ရုပ်အလောင်းငါးလောင်းသည် မည်သူတို့ဖြစ်သလဲဆိုသည်ကို အလျင်အမြန်ဖော်ထုတ်ရေးအတွက် လူအင်အားထပ်တိုးခြင်း၊ လျင်မြန်သည့် ဒီအန်အေစစ်ဆေးရေးသမားများကို အင်အားတိုးခြင်းဖြင့် အစွမ်းကုန်ကြိုးပမ်းအားထုတ်နေကြောင်း အမျိုးသားရဲအေဂျင်စီက ပြောကြားခဲ့သည်။

မိသားစုဝင်များသည် ပျက်ကျမှုဖြစ်ပွားခဲ့သော မူအန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိနေကြပြီး အလောင်းများမည်သူမည်ဝါဆိုသည်ကို မြန်မြန်ဖော်ထုတ်ရေးနှင့် နောက်ထပ်သတင်းအချက်အလက်များ သိရရေးတို့အတွက် အာဏာပိုင်များကို ဖိအားပေးခဲ့ကြသည်။

ဂျယ်ဂျူး လေကြောင်းလိုင်း၏ Boeing 737-800 လေယာဉ်သည် ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရပြီး ပြေးလမ်းအဆုံးတွင် ပြေးလမ်းချော်သွားခဲ့ပြီးနောက် တံတိုင်းကို ဝင်တိုက်မိကာ မီးလောင်ခဲ့သောကြောင့် ခရီး သည် ၁၇၅ ဦးစလုံး သေဆုံးခဲ့ပြီး လေယာဉ်အမှုထမ်းခြောက်ဦးထဲက လေးဦးသေဆုံးခဲ့သည်။ လေယာဉ်အမှုထမ်းနှစ်ဦးကို  အသက်ရှင်လျက် ဆွဲထုတ်ခဲ့ရသည်။

တောင်ကိုရီးယားယာယီသမ္မတချွိုင် ဆန်မော့ကတောင်ကိုရီးယားလေကြောင်းလုပ်ငန်းတစ်ခုလုံး၏ အရေးပေါ်ဘေးကင်းရေးစစ်ဆေးမှုကို လုပ်ဆောင်ရန် ဒီဇင်ဘာ ၃၀ ရက်တွင် ညွှန်ကြားခဲ့သည်။

ပျက်ကျသည့်နေရာမှ ပြန်လည်ရရှိခဲ့သည့် Black Box သည် အရေးပါသော စိတ်အပိုင်းများ ပျောက်နေသည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပြီး အာဏာပိုင်များက ခရီးစဉ်မှတ်တမ်းဖြစ်သော Black Box နှစ်ခုမှ အချက်အလက်များကို မည်သို့မည်ပုံရယူရမလဲဆိုသည်ကို လေ့လာဆန်းစစ်နေသည်ဟု ဆိုသည်။

တောင်ကိုရီးယားလေကြောင်းလိုင်းများက အသုံးပြုနေသော Boeing B737-800s လေယာဉ် ၁၀၁ စီးကို စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဇန်နဝါရီ ၃ ရက်တွင် စစ်ဆေးပြီးစီးမည်ဟု ဆိုသည်။ မူအန်းလေဆိပ်ကို ဇန်နဝါရီ ၇ ရက်အထိပိတ်ထားမည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန် အမျိုးသားသယ်ယူပို့ ဆောင်ရေး ဘေးကင်းမှုဘုတ်အဖွဲ့(NTSB)၊ ဖက်ဒရယ်လေကြောင်း စီမံအုပ်ချုပ်ရေးအဖွဲ့၊ လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ(Boeing)တို့က ကိုယ်စားလှယ်များသည် စုံစမ်းစစ်ဆေး ရေးအဖွဲ့တွင် ပါဝင်လာခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် မူအန်း၌ တွေ့ဆုံရန် စီစဉ်ထားသည်။

တောင်ကိုရီးယားအာဏာပိုင်များသည် လေယာဉ်ပျက်ကျရာမှ သေဆုံးသွားသူများ၏ရုပ်အလောင်းများကို သက်ဆိုင်ရာမိသားစုများထံ ပြန်ပို့ခြင်းကို ဒီဇင်ဘာ ၃၁ ရက်တွင် စတင်လုပ်ဆောင်လျက်ရှိသည်။

တောင်ကိုရီးယားနိုင်ငံသည် ခုနစ်ရက်ကြာဝမ်းနည်းခြင်းအထိမ်းအမှတ်ကို လုပ်ဆောင်လျက်ရှိပြီး အလံများကို တိုင်တစ်ဝက်လွှင့်ထားသည်။

ဒီဇင်ဘာ ၂၉ ရက်က Boeing 737-8 AS လေယာဉ်သည် မူအန်းလေဆိပ်ပြေးလမ်းတွင် ဆင်းသက်နေချိန် လမ်းချော်ပြီးခြံစည်းရိုးတံတိုင်းကို ဝင်တိုက်ခဲ့ကာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအာဏာ ပိုင်များက ပြောကြားခဲ့သည်။

တောင်ကိုရီးယားတာဝန်ရှိသူများကမူ ငှက်တစ်ကောင်ကိုဝင်တိုက်မိပြီး ဆိုးရွား သောရာသီဥတုအခြေအနေကြောင့် ယင်းမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာလေယာဉ် မှာတစ်စင်းလုံးနီးပါးပျက်စီးသွားခဲ့သည်ဟု ဆိုသည်။                                        

Ref: Reuters, AFP

 


READ NEXT
Cancel OK