
ယူကရိန်းသည် စစ်မက်ရေးရာအရ မိမိ၏ရပ်တည်ချက်နှင့်ရုရှား၏သုံးနှစ်ကြာ ကျူးကျော်မှု အဆုံးသတ်ရန် ဆွေးနွေးမှုမတိုင်မီ မိမိ၏ရပ်တည်ချက်တို့ကိုအထောက်အပံ့ပြုရေးအတွက် ၂၀၂၅ ခုနှစ်တွင် တိုက်ခိုက်ရန် လိုအပ်လိမ့်မည်ဟု သမ္မတဗိုလိုဒီမာ ဇယ်လန်းစကီးက ဒီဇင်ဘာ ၃၁ ရက်တွင်ပြောကြားခဲ့သည်။
ယူကရိန်းခေါင်းဆောင်၏မိန့်ခွန်းသည် လက်နက်အင်အား လူအင်အားပိုကောင်းသော ရုရှားစစ်တပ်ကို သုံးနှစ်နီးပါး တွန်းလှန်နေသော စစ်ဒဏ်သင့် နိုင်ငံအတွက် ခက်ခဲသော နှစ်တစ်နှစ်ကို ဖော်ပြလျက်ရှိသည်။
ယူကရိန်းသည် ၂၀၂၃ ခုနှစ်ထက် ၂၀၂၄ ခုနှစ်တွင် ရုရှားထံနယ်မြေဆုံးရှုံးမှု ခုနစ်ဆ ကျော်ရှိခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏လ့လာချက်အရ သိရသည်။ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာသည့်အခါ အမေရိကန် အထောက်အကူနှင့် နိုင်ငံရေးဆိုင်ရာ ကျောထောက်နောက်ခံတို့ လျော့ကျမည့် အလားအလာကို ယူကရိန်း ရင်ဆိုင်နေရသည်။
"လာမယ့်နှစ်ရဲ့ နေ့တိုင်းမှာ ကျွန်တော်အပါအဝင်ကျွန်တော်တို့အားလုံးဟာ တော်တော် တောင့်တင်းနေတဲ့ ယူကရိန်းနိုင်ငံအတွက် တိုက်ခိုက်ကြရမှာပါ။အဲဒီလိုတိုက်ခိုက်နေမှသာ ယူကရိန်းဟာ စစ်မြေပြင်မှာရောဆွေးနွေးရေး စားပွဲဝိုင်းမှာပါလေးစားတာခံရပါမယ်။ယူကရိန်းအသံကိုကြားနေရပါမယ်"ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
"၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ရဲ့နှစ်ဖြစ်ပါစေ။ ယူကရိန်းရဲ့နှစ်ဖြစ်ပါစေ။ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ထံ လက်ဆောင်အဖြစ်ပေးမှာမဟုတ်ပါဘူး။ ရုရှားကို ဟန့်တားဖို့နဲ့စစ်ပွဲပြီးသွားစေဖို့ အရာရာကို ကျွန်တော်တို့ လုပ်သွားပါမယ်။ အဲဒါဟာ ကျွန်တော်တို့ တစ်ဦးချင်းစီအတွက် ဆန္ဒတွေဖြစ်ပါတယ်"ဟု ၎င်းကဖြည့်စွက်ပြောသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏အစိုးရသည် ယခုလထဲတွင် ထရန့် သမ္မတ တာဝန်ကို မယူမီ ကိယက်ဗ်ကို အလျင်အမြန်ကူညီသည့်အနေဖြင့် ယူကရိန်းအတွက် စစ်ရေးအကူအညီနှင့်ဘက်ဂျက်အကူအညီ ဒေါ်လာ ခြောက်ဘီလျံကို ဒီဇင်ဘာ ၃၁ ရက်တွင်ကြေညာခဲ့သည်။
Ref:AFP
AFP photos
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်