
အက်သလက်တီကိုတိုက်စစ်မှူး ဂျော်အိုဖေးလစ်က မိမိနှင့် အသင်းနည်းပြ ဆီမြွန်နီတို့အကြား ပြဿနာမရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဂျော်အိုဖေးလစ်သည် ဖေဖော်ဝါရီ (၂၈)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဗီလာရီးယဲလ် (၀-၂)အက်သလက်တီကိုပွဲတွင် ပွဲချိန်(၆၉)မိနစ်တွင် ဂိုးသွင်းယူပြီးနောက် အသင်းအရန်ထိုင်ခုံဘက်သို့လှည့်ပြီး နှုတ်ခမ်းကို လက်ညှိုးတေ့ကာ တိတ်တိတ်နေဆိုသည့်ပုံစံမျိုးဖြင့် အောင်ပွဲခံခဲ့သည်။
ယင်းမှာ ၎င်းအား ပုံမှန်ပွဲထွက်ခွင့်မပေးသည့် ဆီမြွန်နီကို ရည်ရွယ်ခြင်းဖြစ်သည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။
သို့သော် ဂျော်အိုဖေးလစ်က ''အဲဒီအောင်ပွဲခံအမူအရာက လိုဒီကို နောက်ပြောင်တာလို့ Instagram မှာ ကျွန်တော် ရှင်းပြီးပါပြီ။ ဗီလာရီးယဲလ်နဲ့ ပွဲမတိုင်ခင် လိုဒီက ကျွန်တော့်ကို မင်း ဘယ်အသင်းကိုမှ ဂိုးမသွင်းနိုင်ဘူးလို့ ပြောခဲ့ပြီး ကျွန်တော်က ဂိုးသွင်းနိုင်ခဲ့လို့ သူ့ကို ပြန်နောက်ခဲ့တာပါ။ မီဒီယာတွေက သူတို့မသိတာကို ရေးနေကြ တယ်။ ဆီမြွန်နီနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်