Top News

စီးရီးအေနှင့် ကိုပါအီတလီယာကို အာရုံစိုက်ရန် အသင်းဖော်များကို ဇာပါတာ တိုက်တွန်း
24htopnews | January 2, 2025 10:12 AM CST

အတ္တလန်တာအသင်းတိုက်စစ်မှူး ဇာပါတာက ချန်ပီယံလိဂ်မှထွက်ခွာခဲ့ရပြီးဖြစ်သောကြောင့် စီးရီးအေနှင့် ကိုပါအီတာလီယာပြိုင်ပွဲများတွင် အာရုံစိုက်ကြရန် အသင်းဖော်များကို တိုက်တွန်းခဲ့သည်။

အတ္တလန်တာအသင်းသည် ယခုရာသီ ကိုပါအီတာလီယာပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်ထားသလို၊ စီးရီးအေပွဲစဉ် (၂၇)အပြီးတွင်လည်း ရမှတ် (၅၂)မှတ်ဖြင့် အဆင့်(၄)နေရာ ရပ်တည်နေသည်။

ဇာပါတာက ''ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ ဖြစ်မလာလို့ စိတ်ပျက်ရပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ဒီရာသီက မပြီးဆုံးသေးပါဘူး။ စီးရီးအေနဲ့ ကိုပါအီတာလီယာပြိုင်ပွဲတွေမှာ အာရုံစိုက်ရဦးမှာပါ''ဟု ဆိုခဲ့သည်။

အတ္တလန်တာအသင်းသည် ကိုပါအီတာလီယာဗိုလ်လုပွဲအဖြစ် မေလ (၁၉)ရက်တွင် လက်ရှိ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ 

 


READ NEXT
Cancel OK