
ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာများရရှိခဲ့သည့်အခြေအနေမှ ပြန်လည်သက်သာလာနေပြီဟု အမေရိကန်နာမည်ကြီးဂေါ့ဖ်သမား တိုက်ဂါးဝုဒ်က ပြီးခဲ့သည့်အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
၎င်းက လက်ရှိတွင် ဆေးရုံမှဆင်းပြီးနောက် နေအိမ်တွင်ပင် ကုသမှုဆက်လက်ခံယူနေလျက်ရှိကြောင်းလည်း အတည်ပြုခဲ့သည်။
အသက် (၄၅) နှစ်အရွယ်ရှိ တိုက်ဂါးဝုဒ်၏ ဖြစ်စဉ်မှာ လော့စ်အိန်ဂျလိစ်ဆင်ခြေဖုံးတစ်ခုတွင် ဒေသစံတော်ချိန် ဖေဖော်ဝါရီ (၂၃) ရက် နံနက် (ရး၄၈)နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ဂါးဝုဒ်ကိုယ်တိုင် မောင်းနှင်လာသည့်ကားမှာ ကုန်းဆင်းမှ ပြုတ်ကျကာ ကြိမ်ဖန်များစွာလိမ့်ပြီးမှ ရပ်သွားခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့သည်။
မီးသတ်သမားများနှင့် ဆေးဘက်အကူဝန်ထမ်းများက တိုက်ဂါးဝုဒ်ကို အပျက်အစီးများကြားမှ ကယ်ထုတ်ခဲ့ရခြင်းဖြစ်သည်။
တိုက်ဂါးဝုဒ်က ဆေးရုံတွင် သူ့ကိုကုသပေးခဲ့သည့် ဆေးဝန်ထမ်းများကို ကျေးဇူးတင်ရှိကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းကြေညာချက်ထဲတွင် တိုက်ဂါးဝုဒ်က ''ကျွန်တော် နေအိမ်ကိုပြန်ရောက်ပြီး ပြန်လည်သက်သာလာတဲ့သတင်းကို ထုတ်ပြန်ရလို့ ပျော်ရွှင်မိပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ကျွန်တော့်ကို အားပေးမှုတွေပြုခဲ့ ကြတဲ့အတွက်လည်း အလွန်ကျေးဇူးတင်ပါတယ်။ UCLA Medical Center နဲ့ Cedars-Sinai Medical Centers က ခွဲစိတ်ပါရဂူတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့အားလုံးဟာ ကျွန်တော့်ကို အထူးဂရုစိုက်ကြပြီး အခုကျေးဇူးတင်စကားနဲ့တောင် မလုံလောက်ပါဘူး။ နေအိမ်မှာ ကျွန်တော် ပြန်လည်သက်သာလာနေပြီး နေ့တိုင်းနေ့တိုင်း ပိုမိုသန်မာလာအောင် လုပ်ဆောင်နေပါတယ်''ဟု ဖော်ပြခဲ့သည်။
ယင်းမတော်တဆမှုကြောင့် တိုက်ဂါးဝုဒ်သည် ညာခြေထောက်နှင့် ခြေချင်းဝတ်အောက်ပိုင်းကို နာရီအတော်ကြာ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။
တိုက်ဂါးဝုဒ်သည် ယင်းမတော်တဆဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားစွဲဆိုခံရမည်မဟုတ်ကြောင်း လော့စ်အိန်ဂျလိစ်ရှိ စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
တိုက်ဂါးဝုဒ်၏ဖြစ်စဉ်သည် အန္တရာယ်များသောနေရာတွင် ဖြစ်ပွားသည့် ပုံမှန်မတော်တဆမှုသာဖြစ်ပြီး အခြားသူတစ်ဦးဦးကို ထိခိုက်စေသည့် သက်သေမရှိခြင်းကြောင့် စွဲချက်အတင်မခံရခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ဂါးဝုဒ်သည် ကစားသမားသက်တမ်းတစ်လျှောက် ကျောဒဏ်ရာကို (၅)ကြိမ်မြောက်အထိ ခွဲစိတ်ကုသမှု ခံယူထားရပြီး ယာဉ်မတော်တဆမှုဖြစ်ပွားချိန်တွင် လာမည့်ဧပြီလအတွင်း ကျင်းပမည့် မာစတာစ်ဂေါ့ဖ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
၎င်းအနေဖြင့် ပြိုင်ပွဲများပြန်လည်ကစားနိုင်မည့်ကာလနှင့် ပတ်သက်ပြီး ယခုထုတ်ပြန်ချက်တွင် တစ်စုံတစ်ရာ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်