
လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က မိမိတို့အသင်းသည် ယခုရာသီကုန်တွင် အဆင့် (၄)အတွင်း ဝင်ရန်ပင် မဖြစ်နိုင်တော့သလောက်ဖြစ်နေပြီး၊ ရာသီတစ်လျှောက်လုံးတွင် အလွန်ကြီးမားသည့် အမှားများကို ကျူးလွန်ခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများ၏ ရိုက်ခတ်မှုကို အဆိုးရွားဆုံး ခံစားခဲ့ရသည့် အသင်းဖြစ်ပြီး၊ အသင်း၏ အဓိကနောက်ခံလူ (၃)ဦးဖြစ်သည့် ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်နှင့် မာတစ်တို့မှာ တစ်ရာသီလုံးနီးပါး လွဲချော်ခဲ့သည်။
ယခုအချိန်တွင် အမှတ်ပေးဇယားအဆင့် (၄)နေရာမှ ချယ်လ်ဆီးအသင်းနှင့် (၅)မှတ်ကွာအနေအထားတွင် ရှိနေပြီး ရာသီကုန်ဆုံးရန်မှာလည်း (၉)ပွဲသာ ကျန်ရှိတော့ရာ ကလော့ပ်က "ကျွန်တော်က အကောင်းမြင်တတ်တဲ့သဘောထားရှိတဲ့သူပါ။ ဒါပေမဲ့ ဒီ ရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အ တွက်တောင် မဖြစ်နိုင်လောက်အောင် ဖြစ်နေပါပြီ။ အခုအချိန်မှာ မန်စီးတီး နဲ့ မန်ယူအသင်းတို့က အဝေးကြီးကို ပြေးနေကြပြီး၊ ချယ်လ်ဆီးအသင်းက လည်း အရမ်းအလားအလာကောင်း ပါတယ်။ အဆင့် (၄)ပြင်ပကအသင်း တွေထဲမှာလည်း စပါးလိုအသင်းမျိုး ရှိပါသေးတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က အရမ်းခက်ခဲလာပါတယ်။ ကျွန်တော်တို့ရဲ့ပြိုင်ဘက်အသင်းတွေက ကျွန်တော်တို့ကို ကျော်ဖြတ်ဖို့ အများကြီး ကြိုးစားဖို့ မလိုခဲ့ပါဘူး။ ကျွန်တော်တို့အသင်းကိုက အရမ်းကြီးမားတဲ့အမှားတွေ ကျူးလွန်ခဲ့လို့ပါ" ဟု ပြောကြားခဲ့သည်။
လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် မန်စီးတီး၊ မန်ယူ၊ လက်စတာနှင့် ချယ်လ်ဆီးတို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်