
မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားက တစ်ခါတစ်ရံတွင် နည်းပြများသည် သူတို့၏ အတ္တအတွက် အသင်း၏ အနာဂတ်ထက် ဆုဖလားများကိုသာ ပစ်မှတ်ထားလေ့ရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ဆိုးလ်ရှား မန်ယူအသင်းကို မကိုင်တွယ်မီ ကိုင်တွယ်ခဲ့ကြသည့် နည်းပြနှစ်ဦးဖြစ်သည့် မော်ရင်ဟိုနှင့် လူးဝစ်ဗန်ဟားလ်တို့သည် ဆုဖလားများကို အသီးသီးရယူနိုင်ခဲ့ပြီး ဆိုးလ်ရှားမှာမူ မည်သည့် ဖလားကိုမျှ မရသေးခြင်းနှင့် ပတ်သက်ပြီး သတင်း ထောက်များက မေးမြန်းခဲ့သည်။
ဆိုးလ်ရှားက ယင်းမေးခွန်းကို ဖြေကြားရာတွင် "ဒီအသင်းရဲ့ အစဉ်အလာကို ခင်ဗျားတို့လည်း သိပါတယ်။ ကျွန်တော်ကတော့ အခုအချိန်မှာ ဒီအသင်းရဲ့အလားအလာကောင်းကို နေ့တိုင်းမြင်တွေ့နေရပါတယ်။ နည်းပြတိုင်း၊ အသင်းတိုင်းက ဆုဖလားတွေကို လိုချင်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ဆုဖလားတွေရ ရှိဖု့ိဆိုတာဟာ တခြားလုပ်စရာရှိတဲ့ ကိစ္စတွေကြောင့် ပုန်းကွယ်နေတတ်ပါတယ်။ အမှတ်ပေးဇယား ရပ်တည်မှုကို ကြည့်လိုက်ရင် ဒီအသင်းဟာ ဘယ်လောက်အထိ ရှေ့ကို ရောက်လာပြီလည်းဆိုတာကို တွေ့နိုင်ပါတယ်။ ဖလားတွေကတော့ ကံဆိုး ကံကောင်းနဲ့လည်း ဆိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဆုဖလားတွေဆိုတာဟာ တချို့နည်းပြတွေ၊ အသင်းတွေရဲ့အတ္တနဲ့လည်းဆိုင်ပါတယ်။ ဒါပေမဲ့ ဆုဖလားတချို့ဟာ ငါတို့အသင်းပြန်လာပြီဆိုတဲ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်