Top News

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်မဲခွဲပွဲအပြီးတွင် ချယ်လ်ဆီးအသင်း ဗိုလ်စွဲရန် ရေပန်းစားမှုမြင့်တက်
24htopnews | January 2, 2025 10:12 AM CST

ချယ်လ်ဆီးအသင်းသည် မတ်လ (၁၉)ရက်က ပြုလုပ်ခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်မဲခွဲပွဲအပြီးတွင် ဗိုလ်စွဲရန် ရေပန်းစားမှု မြင့်တက်လာခဲ့ကြောင်း သိရသည်။ 

နည်းပြ တူဟယ်လ်လက်ထက်တွင် ပြိုင်ပွဲစုံ ရှုံးပွဲမရှိကစားထားသည့် ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ပေါ်တူဂီကလပ် ပေါ်တိုအသင်းနှင့် တွေ့ဆုံနေပြီး ပေါ်တိုအသင်းကို အနိုင်ရပါက ဆီမီးဖိုင်နယ်တွင် ရီးယဲလ်-လီဗာပူးလ်ပွဲမှ အနိုင်ရသည့်အသင်းနှင့် ကစားရမည်ဖြစ်သည်။ 

ကွာတားဖိုင်နယ်တွင် အားအနည်းဆုံးအသင်းဖြစ်သည့် ပေါ်တိုအသင်းနှင့်တွေ့ဆုံနေခြင်းကြောင့် ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန်ရေပန်းစားမှုစာရင်း၌ ဘွတ်ကီဒိုင်များ၏ အလေးပေးမှုမြင့်တက်လာပြီး (၄း၁)လေးဖြင့် အဆင့် (၂)နေရာသို့ တက်လှမ်းလာခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ် မဲခွဲပွဲမတိုင်ခင်က ဗိုလ်စွဲရန် ရေးပန်းစားမှုတွင် (၁၅း၂)လေးဖြင့် အဆင့် (၅)နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။ 

ဘွတ်ကီဒိုင်များ၏ ယခုရာသီ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန်ရေပန်းအစားဆုံးအသင်းစာရင်း၌ မန်စီးတီးအသင်းက (၉း၄)လေးဖြင့် အဆင့်(၁)နေရာတွင် ရှိနေဆဲဖြစ်ပြီး လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက (၄း၁)လေးဖြင့် ချယ်လ်ဆီးအသင်းနှင့် အဆင့်(၂)နေရာတွင် ပူးတွဲရပ်တည်နေသည်။ 

■ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ် မဲခွဲပွဲအပြီး ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းစားမှု 

မန်စီးတီး - ၉း၄

ချယ်လ်ဆီး - ၄း၁

ဘိုင်ယန်မြူးနစ် - ၄း၁

လီဗာပူးလ် - ၁၁း၂

PSG - ၁၅း၂

ရီးယဲလ်မက်ဒရစ် - ၁၂း၁

ဒေါ့မွန် - ၂၅း၁

ပေါ်တို - ၃ဝး၁

(မှတ်ချက် - ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းစားမှုစာရင်းမှာ Betfair မှ ဖော်ပြထားခြင်းဖြစ်သည်)


READ NEXT
Cancel OK