Top News

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်မဲခွဲပွဲကို ယနေ့ ကျင်းပမည်
24htopnews | January 2, 2025 10:12 AM CST

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများ၏ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်အဆင့်များအတွက် မဲခွဲပွဲကို ယနေ့(မြန်မာစံတော်ချိန် ညနေ ၅း၃၀ နာရီ) ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    

၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်သို့ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ PSG၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ ပေါ်တိုနှင့် ရီးယဲလ်တို့ တက်ရောက်ခဲ့ကြပြီး ပထမအကျော့ကို ဧပြီ(၆၊ ၇)၊ ဒုတိယအကျော့ကို ဧပြီ(၁၃၊ ၁၄)ရက်နေ့များတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

မဲခွဲပွဲတွင် ကွာတားဖိုင်နယ် အဆင့်နှင့်အတူ ဆီမီးဖိုင်နယ်အဆင့်အတွက်လည်း ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ကို ဧပြီ(၂၇၊ ၂၈)၊ ဒုတိယအကျော့ကို မေ(၄၊ ၅)ရက်များတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

    

ယူရိုပါလိဂ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်နှင့် ဆီမီးဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲကိုလည်း သောကြာနေ့တွင်ပင် ပြုလုပ်မည်ဖြစ်ပြီး ကွာတားဖိုင်နယ်ပထမ အကျော့ကို ဧပြီ(၈)၊ ဒုတိယအကျော့ကို ဧပြီ(၁၅)တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ကို ဧပြီ(၂၉)၊ ဒုတိယအကျော့ကို မေ(၆) တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ယူရိုပါလိဂ်ဗိုလ်လုပွဲကို မေ(၂၆)၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မေ(၂၉)တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK