
ယခုလအစောပိုင်းတွင် မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များ တစ်သီတတန်း စမ်းသပ်ခဲ့မှုသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း အမေရိကန်လုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး အမေရိကန်၏သဘောထားသည် အပြောင်းအလဲမရှိကြောင်းနှင့် မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များဖျက်သိမ်းရန်အတွက် ထပ်တလဲလဲ ပျက်ကွက်မှုများကို ရပ်ဆိုင်းသင့်ကြောင်း ဘိုတန်က ပြောကြားခဲ့ပြီး မကြာသေးမီက မြောက်ကိုရီးယားကုန်တင် သင်္ဘောတစ်စင်းကို အမေရိကန်က ဖမ်းဆီးခဲ့မှုကို ကာကွယ်ပြောဆိုခဲ့သည်။
မည်သည့်အချိန်တွင်မဆို မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲပြန်လည်စတင်ရန် အမေရိကန်က ဆန္ဒရှိသည်ဟုလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဂျပန်နိုင်ငံသို့ လေးရက်ကြာခရီးမစတင်မီ ဘိုတန်က တိုကျိုတွင် သတင်းထောက်များကိုပြောကြားခဲ့သည်။
နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် တစ်ဖက်သတ်တောင်းဆိုမှုများဟု ပြုံယမ်းက ထုတ်ဖော်ပြောဆိုချက်များကို အမေရိကန်က မစွန့်လွှတ်ပါက ၀ါရှင်တန်နှင့် နျူကလီးယားစေ့စပ်ဆွေးနွေးမှုများကို ပြန်လည်စတင်မည်မဟုတ်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ထုတ်ပြန်ခဲ့ပြီး တစ်ရက်အကြာတွင် ဘိုတန်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်သည် တစ်ဖက်သတ်ဆန်ပြီး မဖြစ်နိုင်သည့် တောင်းဆိုချက်များကို တောင်းဆိုခြင်းဖြင့် ဖေဖော်ဝါရီကပြုလုပ်ခဲ့သည့် ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အကြား ဆွေးနွေးပွဲကို ရည်ရွယ်ချက်ရှိရှိ ပျက်ပြားအောင် လုပ်ဆောင်ခဲ့သည်ဟု မြောက်ကိုရီးယားပြောခွင့် ရပုဂ္ဂိုလ်တစ်ဦး၏ စွပ်စွဲထားမှုကို KCNA ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ပိတ်ပင်ထားသည့် ကျောက်မီးသွေးပို့ကုန်များ ပါဝင်သည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်က ဖမ်းဆီးထားမှုကို မြောက်ကိုရီးယားက ပြင်း ပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး ယင်းသင်္ဘောကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
မြောက်ကိုရီးယားသည် မေ ၄ ရက်နှင့် မေ ၉ ရက်တွင် တာတိုပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ခဲ့ခြင်းဖြင့် ၂၀၁၇ ခုနှစ် နှောင်းပိုင်း တွင် ဒုံးလက်နက်စမ်းသပ်ခြင်းအား ရပ်ဆိုင်းထားခြင်းကို ပြန်လည်စတင်ခဲ့သည်ဟု ဘိုတန်က ပြောကြားခဲ့သည်။ ယင်း စမ်းသပ်မှုသည် စေ့စပ်ဆွေးနွေးခြင်းများကို ပျက်ပြားမှု မဖြစ်စေဘဲ အပေးအယူလုပ်ရန် အမေရိကန်ကို ဖိအားပေးသည့် နည်းလမ်းတစ်ခုအဖြစ် ယူဆခဲ့သည်။
“မြောက်ကိုရီးယားကို ဘယ်ပဲ့ထိန်းဒုံး ကျည်စမ်းသပ်မှုမှ မလုပ်ဖို့ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီဆုံးဖြတ်ချက်တွေက တားမြစ်ထားတယ်” ဟု ဘိုတန်က ပြောကြားခဲ့သည်။
ဂျပန်ခရီးစဉ်အတွင်း ထရန့်နှင့် ဝန်ကြီးချုပ်ရှင်ဆိုအာဘေးသည် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ တည်တံ့ရေးအတွက် ဆွေးနွေးသွားမည်ဟု ဘိုတန်က ဆိုသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် အီရန်အရေးအပြင် ကုန်သွယ်ရေးနှင့်နှစ် နိုင်ငံလုံခြုံရေးဆိုင်ရာ မဟာမိတ်ပြုရေးတို့ကို ဆွေးနွေးနိုင်ခြေရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်