
မန္တလေး သပိတ်မှောက်ကျောင်းသားများနှင့် သွားရောက်တွေ့ဆုံမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
စက်တင်ဘာ ၆ ရက်က ရန်ကုန်တက္ကသိုလ်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂ ၁၅ ခုနှင့် ဝန်ကြီးတို့ မန္တလေးတက္ကသိုလ်တွင် လတ်တလောဖြစ်နေသော ကိစ္စရပ်များ ညှိနှိုင်းမှု ပြုလုပ်ရာတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုညီဇော်က ပြောကြားသည်။
“ဝန်ကြီးက ၈ ရက်နေ့မှာ မန္တလေးက ဆန္ဒပြကျောင်းသားတွေကို သွားတွေ့ပေးမယ်ပြောတယ်” ဟု ကိုညီဇော်က ပြောကြားသည်။
မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ သပိတ်ဦးဆောင်ကော်မတီက စက်တင်ဘာ ၉ ရက် ည ၁၀ နာရီကျော်မှစ၍ ၄၈ နာရီအတွင်း ပညာရေးဝန်ကြီး လာရောက်တွေ့ဆုံရန် တောင်းဆိုထားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂ ၁၅ ခုက အချက်ခြောက်ချက် တောင်းဆိုခဲ့ကြောင်း ကိုညီဇော်က ပြောကြားသည်။
ယင်းတောင်းဆိုသည့် အချက်ခြောက်ချက်တွင် ဝန်ကြီးကိုယ်တိုင် ဆန္ဒပြကျောင်းသားများနှင့် သွားရောက်တွေ့ဆုံပေးရန်၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အား စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ရန်၊ စုံစမ်းနေသည့်အချိန်တွင် ဖြစ်စဉ်တွင်ပါဝင် သူများအားအရေးယူပေးရန်၊ စုံစမ်းစစ်ဆေးရာတွင် ဘက်တစ်ခုတည်း မစစ်ဆေးဘဲ ဘက်စုံအောင် စစ်ဆေးပေးရန်၊ သပိတ်မှောက်ကျောင်းသားနှင့် ဝန်းရံကျောင်းသားများကို ဖိနှိပ်တားဆီးခြင်းများ မလုပ်ရန်နှင့် ဖိနှိပ်မှုများကို အရေးယူပေးရန်၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများကို တာဝန်မှယာယီရပ်ဆိုင်း ပေးရန်တို့ ပါဝင်ကြောင်း သိရသည်။
ထိုသို့တောင်းဆိုသည့် အချက်ခြောက်ချက်တွင် လေးချက်အားဝန်ကြီးမှ သဘောတူခဲ့ကြောင်း သိရသည်။
“တောင်းဆိုထားတဲ့ အချက်ခြောက်ချက်မှာ လတ်တလောမရတဲ့အချက်က ပါမောက္ခချုပ်နဲ့ စီမံဘဏ္ဍာဌာနမှူးကို တာဝန်မှ ခေတ္တခဏရပ်ဆိုင်းပေးဖို့ကို ဝန်ကြီးက စဉ်းစားပေးမယ်တော့ ပြောတယ်။ ပြီးတော့ စုံစမ်းစစ်ဆေးရေးမှာ ကျောင်းသားကော်မတီ ထည့်ဖို့ဆိုတာ အဆင်မပြေဘူး။ အဲဒီအချက်ကတော့ တောင်းဆိုလို့မရဘူးပေါ့” ဟုရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော်က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဒုဝန်ကြီးဦးစီးပြီး လုပ်သွားမှာဖြစ်ပါတယ်” ဟု ကျောင်းသားသမဂ္ဂများနှင့် တွေ့ဆုံမှုအပြီးတွင် မီဒီယာများအား ပြောကြားခဲ့သည်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို ဌာနဆိုင်ရာ စစ်ဆေးမှုပြုလုပ်သွားမည်ဟု စက်တင်ဘာ ၆ ရက်တွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဌာနဆိုင်ရာ စစ်ဆေးမှုတွင် ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။
ယင်းဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်သုံးသပ်ချက်နှင့် သဘောထားဖော်ပြချက်များပါရှိသည့် အစီရင်ခံစာအမှုတွဲကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများကို ယနေ့ ( စက်တင်ဘာ ၇ ရက်) တွင် စတင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်