
၀ါတွင်းကာလတွင် Eleven Media Group ဝန်ထမ်းများ၏ အပတ်စဉ်ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းကပ်လှူမှု ပဥ္စမအကြိမ်မြောက်အဖြစ် သာကေတမြို့နယ် တိပိဋကာလင်္ကာရ စာသင်တိုက်ရှိ သံဃာတော်များကို ၀ါဆိုသင်္ကန်းနှင့် နေ့ဆွမ်းကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
၁၃၈၁ ခုနှစ် တော်သလင်းလဆန်း ၈ ရက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် Eleven Media Group ဝန်ထမ်းမိသားစုများက ၀ါတွင်းကာလ အပတ်စဉ်လှူဒါန်းမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၁၀၈ တောင် ဘုရားအနီးရှိ တိပိဋကာလင်္ကာရပရိယတ္တိစာသင်တိုက်မှ စာချစာသင်သံဃာတော်များကို နေ့ဆွမ်းကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စာချဆရာတော်ခြောက်ပါးအတွက် ၀ါဆိုသင်္ကန်းနှင့် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါးအတွက် နဝကမ္မ ဝတ္ထုငွေများကိုလည်း ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပရိယတ္တိစာသင်တိုက်မှာ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိ တ ဘဒ္ဒန္တအဂ္ဂသာမိအမှူးရှိတဲ့ စာချစာသင် ရဟန်းသာမဏေ စုစုပေါင်း သံဃာတော် ၈၅ ပါးဝါဆိုဝါကပ်တော်မူကြောင်း သိရသည်။
အလားတူ သြဂုတ် ၂၉ ရက်ကလည်း တောင်ဥက္ကလာပါရမီ (၂)၀ိုင်း စိန်ရတနာ ပရိ ယတ္တိစာသင်တိုက်ရှိ စာချစာသင် ရဟန်းသာမဏေ စုစုပေါင်း သံဃာတော်အပါး၁၂၀ ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စာချဆရာ တော်များကို ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျောင်းတိုက်သံဃာတော်များအ တွက် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သြဂုတ် ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မြို့မကျောင်းလမ်းရှိ၊ စိန်ရတနာ ဓမ္မာစရိယစာသင်တိုက်ရှိ သံဃာတော် အပါး ၉၀ ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း စာချဆရာတော်များကို ၀ါဆိုသင်္ကန်းငါးစုံ၊ ကျောင်းတိုက်သံဃာတော်များတွင် လိုအပ်လာမည့် ပစ္စည်းလေးပါးအတွက် နဝကမ္မဝတ္ထု ငွေတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သြဂုတ် ၁၆ ရက်ကလည်း တိပိဋကယောဆရာတော်ကြီး စီမံအုပ်ချုပ်တော်မူ သည့်ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက် သခင်အုန်းဖေကြီးလမ်းရှိ ထေရဝါဒဓမ္မ ရောင်ခြည်ပရိယတ္တိစာသင်တိုက်၏ ထေရဝါဒ ဓမ္မဘောဇန ဆွမ်းစားကျောင်းဆောင်တွင် ကျောင်းတိုက်အတွင်း သီတင်းသုံးနေ သည့် စာချစာသင်သံဃာတော် ၁၃၀ ကျော်ကို နေ့ဆွမ်းကပ်လှူခဲ့ပြီး စာချဆရာတော်များ အတွက် ၀ါဆိုသင်္ကန်းငါးစုံ၊ ကျောင်းတိုက် သံဃာတော်များတွင် လိုအပ်လာမယ့်ပစ္စည်းလေးပါးအတွက် နဝကမ္မဝတ္ထုငွေတို့ကို ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၆ ရက်ကလည်း ရွှေရတု တိပိဋ က ဓမ္မဘဏ္ဍာဂါရိက မော်ကျွန်းဆရာတော် သီတင်းသုုံးတော်မူသည့် ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ် ပိဋကသုံးပုံနိကာယ်စာသင်တိုက် ရှိ သံဃာတော် ၃၇၀ ကျော်ကို နေ့ဆွမ်းကပ် လှူခဲ့ပြီး ကျောင်းတိုက်သံဃာတော်များတွင် လိုအပ်လာမည့် ပစ္စည်းလေးပါးအတွက် နဝကမ္မဝတ္ထုငွေများကို ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
၀ါတွင်းကာလတွင် သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရန် Eleven Media Group ဝန်ထမ်းမိသားစုများစုပေါင်းပြီး စာချစာသင်အလုပ်ခွင်တွင် ပျော်မွေ့တော်မူကြသည့် ပရိယတ္တိစာသင်တိုက်မှ သံဃာတော်တွေကို ၀ါဆိုသင်္ကန်းနှင့်နေ့ဆွမ်းများကို အပတ်စဉ်ဆက်ကပ်လှူဒါန်းမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်