Top News

ဒေသတွင်း၌ အရေးပေါ်အခြေအနေကိစ္စများတွင် ကျန်းမာရေးကဏ္ဍမှ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ‘ဒေလီကြေညာချက်’ ကို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများ လက်မှတ်ရေးထိုးအတည်ပြု
24htopnews | January 1, 2025 6:12 AM CST

ဒေသတွင်း၌ အရေးပေါ်အခြေအနေ ကိစ္စများတွင် ကျန်းမာရေးကဏ္ဍမှ ထိရောက် စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ‘ဒေလီကြေညာချက် (Delhi Decleration)’ကို မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ ပေါင်း ၁၁နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများ လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။

          အဆိုပါ ကြေညာချက်ကို စက်တင်ဘာ ၂ရက်မှ ၄ရက်အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေ လီမြို့တွင်ကျင်းပခဲ့သည့် အရှေ့တောင် အာရှ ဒေသတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများအကြား ကျန်းမာရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများပူးပေါင်းဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံး ဖြတ်သော ‘ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၇၂ ကြိမ်မြောက် အရှေ့တောင်အာရှဒေသ ဆိုင်ရာ ကော်မတီအစည်းအဝေး’တွင် အတည် ပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် အစည်းအဝေးတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကျန်းမာရေးဝန်ကြီး များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်နှင့် အရှေ့တောင်အာရှဒေသဆိုင်ရာရုံးအဖွဲ့ဝင် ၁၁ နိုင်ငံမှအဆင့်မြင့်အရာရှိကြီးများ တက် ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် စက်တင်ဘာ ၃ရက်တွင် ကျင်းပသော ဘေးအန္တရာယ်များဆိုင်ရာကျန်းမာရေး ကဏ္ဍ  ကြိုတင်ပြင်ဆင်ရေးနှင့်အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့လည်း  တက်ရောက်ခဲ့ကြောင်း၊ ယင်းဝန်ကြီးအဆင့်အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်များကျရောက်ပြီးလျှင်ပြီးချင်း ဘေးအန္တရာယ်ဖြစ်စဉ်များ အပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံကောင်းများအား ဒေသတွင်းနိုင်ငံများ အချင်းချင်း မျှဝေဖလှယ်နိုင်ရေး၊ ဘေးအန္တ ရာယ်ကျရောက် သည့် နိုင်ငံ၊နေရာဒေသသို့ ဒေသတွင်းနိုင်ငံများမှ သွားရောက်၍ လက်တွေ့ အတွေ့အကြုံများ မျှဝေရယူနိုင်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့်လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲ နေသည့် အခြေ အနေများနှင့်လိုက်လျောညီ ထွေဖြစ်ရန် ပြုပြင်မွမ်းမံ၍ ထုတ်ပြန်ရေးနှင့် အဆိုပါကိစ္စရပ်များကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ တာဝန်ယူ၍ အဖွဲ့ဝင်နိုင်ငံများသို့ အချိန်နှင့်တစ်ပြေးညီ မျှဝေပေးရေးကို အလေး ပေးလုပ်ဆောင်ရန်  အရေးကြီးကြောင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ကပ်ရောဂါများ ဖြစ်သည့်အချိန်၌ ပြည်သူများကို မှန်ကန်သည့်သတင်းအချက် အလက်ပေးရမည်မှာ အထူးအရေးကြီးပြီး ယင်းကိစ္စအား မှန်ကန် ထိရောက်စွာ မလုပ်ဆောင်နိုင်ပါကသဘာဝ ဘေးအန္တရာယ်နှင့် ကပ်ရောဂါများသည် ထိန်းချုပ်၍ မရသည့် အခြေအနေထိ ဖြစ်ပွားနိုင်ကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

          ယင်းဝန်ကြီးအဆင့်အစည်းအဝေး၌ ဒေသတွင်း၌ အရေးပေါ်အခြေအနေကိစ္စ များကို ကျန်းမာရေးကဏ္ဍမှ ထိရောက်စွာ တုံ့ပြန် ဆောင်ရွက်နိုင်ရန် ‘ဒေလီကြေညာ ချက်’ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ အရှေ့တောင် အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊အရှေ့တောင်အာရှဒေသနိုင်ငံ ၁၁ နိုင်ငံမှ ကျန်းမာရေးဝန်ကြီး ၁၁ ဦးတို့မှ လက်မှတ်ရေးထိုးအတည်ပြု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

          ထို့ပြင် အရှေ့တောင်အာရှဒေသဆိုင်ရာ ကော်မတီအစည်းအဝေး၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင် ရာ ညွှန်ကြားရေးမှူးမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ၂၀၁၈-၂၀၁၉ ခုနှစ် ရန်ပုံငွေအထောက် အပံ့ဖြင့် နိုင်ငံအလိုက်အကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက် အောင်မြင်မှုနှင့် စိန်ခေါ်မှုများကိုရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ 

 


READ NEXT
Cancel OK