
စက်တင်ဘာ ၅ ရက်က MAI နှင့် AIR KBZ လေကြောင်းလိုင်း၏ ခရီးစဉ်များ ဖျက်သိမ်းခဲ့ရခြင်း၊ ခရီးစဉ်အချို့မှာ နှောင့်နှေးခဲ့ရခြင်းများအတွက် အနူးအညွှတ် တောင်းပန်းကြောင်း MAI နှင့် AIR KBZ လေကြောင်းလိုင်း Management Board အဖွဲ့မှ စက်တင်ဘာ ၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၅ ရက်နေ့က Y8 အမျိုး အစား တပ်မတော်လေယာဉ်သည် လေ့ကျင့်ပျံသန်းရန် ရန်ကုန်လေဆိပ် လေ ယာဉ်ပြေးလမ်းမှ ထွက်ခွာစဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆင်းသက်ခြင်းများ နာရီပေါင်းများစွာ ရပ်ဆိုင်းခဲ့ရသည်။
တပ်မတော် လေယာဉ်ပြေးလမ်းချော်မှုကြောင့် ပိတ်ထားခဲ့ရသည့် ရန်ကုန်လေဆိပ် လေယာဉ်ပြေးလမ်းအား ၁၉နာရီအကြာ စက်တင်ဘာ ၆ ရက် နံနက် ၆နာရီမှသာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
“ လေယာဉ်ပြေးလမ်းကို ခေတ္တပိတ်ထားခဲ့ရတဲ့အတွက် အခြားလေကြောင်းလိုင်းတွေနည်းတူ MAI နဲ့ Air KBZ ခရီးစဉ်တစ်ချို့ကို ဖျက်သိမ်းခဲ့ပြီး၊ ခရီးစဉ်တစ်ချို့က နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ရလို့ ကျွန်တော်တို့ MAI နဲ့ AIR KBZ လေကြောင်းလိုင်း ဝန်ထမ်းတွေနဲ့ Management Board အဖွဲ့က အနူး အညွတ်တောင်းပန်ပါတယ်။ ဒီနေ့ကစပြီး ခရီးစဉ်တွေကို ပုံမှန်အတိုင်းပြန်လည်ပျံ သန်းနေပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု တွေ ပေးအပ်သွားပါမယ်” ဟု MAI နှင့် AIR KBZ လေကြောင်းလိုင်း၏ Management Board အဖွဲ့ တာဝန်ရှိသူက The Daily Eleven သတင်းစာကို စက်တင်ဘာ ၆ ရက်က ပြောကြားသည်။
ရန်ကုန်လေဆိပ်လေယာဉ်ပြေးလမ်း ပိတ်ထားခဲ့ရခြင်းကြောင့် နိုင်ငံတကာလေကြောင်းလိုင်း ၁၇ ခု၏ ခရီးစဉ် ၃၂ခုမှ ရန်ကုန်လေဆိပ်သို့ ဆင်းသက်ထွက်ခွာမှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ရန်ကုန်လေဆိပ် လေယာဉ်ပြေးလမ်း ပိတ်ထားခဲ့ရပြီး ပြည်တွင်း ပြည်ပ လေကြောင်းလိုင်းများမှ လေယာဉ်များ နီးစပ်ရာ မြို့များနှင့် နီးစပ်ရာ နိုင်ငံများ၏ လေဆိပ်တွင် သွားရောက်စောင့်ဆိုင်းရခြင်း၊ ခရီး စဉ်အား ဆက်လက်ပျံသန်းခြင်းမရှိဘဲ မူလထွက်ခွာလာရာ လေဆိပ်များသို့ ပြန်လည်ဆင်းသက်ရခြင်းများ ဖြစ်ပွားခဲ့ပြီး ခရီးသည်များမှာ အဆင်မပြေမှုများ၊ စိတ်အနှောက်ယှက် ဖြစ်မှုများခံစားခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်