Top News

၂၀၁၉ ခုနှစ် ခုနစ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၂ ဒသမ ၄၇ သန်းကျော်ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၆ ရာခိုင်နှုန်း မြင့်တက်
24htopnews | January 1, 2025 6:12 AM CST

၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာ နိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၂ ဒသမ ၄၇ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ယခင် နှစ်ကာလတူထက် ခရီးသွားဝင်ရောက်မှု ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ တရုတ်ခရီး သွားဝင်ရောက်မှု ၁၅၁ရာခိုင်နှုန်း များပြားခဲ့ ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းများအရ သိရသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု များတွင် လေကြောင်းခရီးဖြင့် လာရောက် သူများမှာ ၉၇၇၅၉၈ ဦး၊ အပျော်စီးသင်္ဘော ဖြင့်လာရောက်သူများမှာ ၆၀၈၄ ဦး၊ နယ်စပ် ဝင်ပေါက်မှ အတွင်းပိုင်းအထိ လာရောက်သူ များမှာ ၇၀၆၆၈ ဦး၊ စုစုပေါင်းဗီဇာဖြင့်လာ ရောက်သူပေါင်း ၁၀၅၄၃၅၀ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက လေကြောင်းဖြင့် လာရောက်သူများတွင် ၃၁ ရာခိုင်နှုန်း၊  နယ်စပ်ဝင်ပေါက်မှအတွင်းပိုင်း အထိလာရောက်သူ မျာတွင် ၁၇၉ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ပြီး အပျော်စီးသင်္ဘောဖြင့်လာ ရောက်သူများတွင် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လအထိနှင့် ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ ဗီဇာဖြင့် လာရောက်သူ ဦးရေကိုနှိုင်းယှဉ်ပါက ၂၇၆၉၅၇ ဦး (၃၆ ရာ ခိုင်နှုန်း) ပိုမိုဝင်ရောက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ နယ်စပ်သို့ဝင်ရောက်သူ များမှာ ၁၄၁၉၉၆၁ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ကာလတူတွင် ၁၁၉၂၆၂၀ ဦး ဝင်ရောက်ခဲ့ခြင်း ကြောင့် ၂၂၇၃၄၁ ဦး (၁၉ ရာခိုင်နှုန်း) မြင့်တက်ခဲ့သည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ စုစုပေါင်း နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုမှာ ၂၄၇၄၃၁၁ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကာလတူတွင် ၁၉၇၀၀၁၃ ဦးဝင်ရောက်ခဲ့ သည့်အတွက် ၅၀၄၂၉၈ ဦး (၂၆ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် ဥရောပနှင့် မြောက်အမေရိကနိုင်ငံများမှ ခရီးသွားများ လျော့ကျလာသော်လည်း တရုတ်၊ ကိုရီးယား ဂျပန်နှင့် အာရှနိုင်ငံအချို့မှ ခရီးသွားများ         တိုးတက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ကောက်ယူထားသော ခရီးသွားဝင်ရောက်မှု စာရင်းများအရ မြောက်အမေရိကမှ ၄၅၆၇၄ ဦး၊ အခြားအမေရိကမှ ၆၀၅၀ ဦး၊ အနောက်ဥရောပမှ ၁၀၀၁၆၀ ဦး၊ အရှေ့ဥရောပမှ ၉၉၉၅ ဦး၊ အာဖရိကမှ ၂၄၇၂  ဦး၊ အရှေ့ အလယ်ပိုင်းမှ ၃၁၆၂ ဦး၊ အာရှမှ ၈၇၀၄၅၂ ဦး၊ သမုဒ္ဒရာပိုင်းနိုင်ငံများမှ ၁၆၃၈၅ ဦးဝင်ရောက်ခဲ့ သည်။

၂၀၁၈ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါ က အခြားအမေရိကမှ ၄၀၅ ဦး၊ အနောက် ဥရောပမှ ၂၄၄၁ ဦး၊ အရှေ့ဥရောပမှ ၂၁၄ ဦး၊ သမုဒ္ဒရာပိုင်းနိုင်ငံများမှ ၁၂၉၈ ဦး ခရီး သွားဝင်ရောက်မှု လျော့နည်းခဲ့သော်လည်း မြောက်အမေရိကမှ ၁၀၄၅ ဦး၊ အာဖရိကမှ ၄၀ ဦး၊ အရှေ့အလယ်ပိုင်းမှ ၂၁၆ ဦး၊ အာရှနိုင်ငံများမှ ခရီးသွား ၂၈၀၀၁၄ ဦး ဝင်ရောက်မှု တိုးတက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက် လည်ပတ်သူနိုင်ငံခြားသားခရီးသွားများစာ ရင်းတွင် (၂၀၁၉ ခုနှစ် ဇူလိုင်လအထိ)ထိပ်ဆုံး ၌ ရပ်တည်နေသောနိုင်ငံများမှာ တရုတ် ၃၈၅၉၄၂ ဦး၊ ထိုင်း ၁၅၇၂၆၁ ဦး၊ ဂျပန် ၆၉၇၅၆ ဦး၊ ကိုရီးယား ၆၇၈၇၃ ဦး၊ အမေရိ ကန် ၃၉၁၄၆ ဦး၊ စင်ကာပူ ၃၁၃၀၉ ဦး၊ ဗီယက် နမ် ၃၀၂၆၆ ဦး၊ အိန္ဒိယ ၂၆၅၃၉၊ ပြင်သစ် ၂၄၇၉၀ ဦး၊ မလေးရှား ၂၄၁၉၆ ဦးတို့ဖြစ်ပြီး ယခင်နှစ်ကထက် တရုတ်ခရီးသွား ၁၅၁ ရာ ခိုင်နှုန်း၊ ကိုရီးယားခရီးသွား ၈၀ ရာခိုင်နှုန်း၊ ဂျပန်ခရီးသွား ၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့သည် နိုင်ငံခြားသားခရီးသွားဝင် ရောက်မှုအများဆုံးဒေသများဖြစ်သည်။ မြန်နိုင်ငံသို့နှစ်အလိုက် ဝင်ရောက်ခဲ့သည့် နိုင်ငံ ခြားသားခရီးသွားဦးရေမှာ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆ သန်း၊ ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄၄ သန်း၊ ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်းဖြစ် ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK