
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် NYDC ဒါရိုက်တာဘုတ်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နေရာတွင် ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးစိုးလွင်အား တာဝန်ပေးခဲ့ကြောင်း NYDC (New Yangon Development Company Ltd) ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိရန်ကုန်မြို့နှင့် ပေါင်းစည်းသွားမည် ရန်ကုန်မြို့သစ်ကို အကောင်အထည်ဖော်ရန် တာဝန်ယူထားသည့် NYDC ၏ ပြောင်းလဲမှုတစ်ခုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDC ကို ဒါရိုက်တာဘုတ်အဖွဲ့ဝင် အသစ်များဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NYDC ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်များသည် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်အစား ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူမည့်သူသည် ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်နှင့် ဒါရိုက်တာအဖြစ်တာ ဝန်ယူထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းနေရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်အနေနဲ့ NYDC ကိုယ်စား ဝန်ကြီးဒေါ်နီလာကျော်နဲ့ ဝန်ကြီးဦးဟံထွန်းတို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ စီမံကိန်းတိုးတက်ရေးအတွက် အဘက်ဘက်က အားထုတ်မှုတွေ၊ ဆွေးနွေးအကြံပေးမှုတွေအတွက်လည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်အသစ်တွေရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေက ရန်ကုန်မြို့သစ်ပထမအဆင့် ဖွံ့ဖြိုးရေးမှာ အများကြီးအထောက်အကူဖြစ်မယ်လို့လည်း ယုံကြည်တယ်” ဟု NYDC ဒုတိယဥက္ကဌ ဦးသိမ်းဝေက ပြောကြားသည်။
ပြီးခဲ့သည့် နှစ်လအတွင်း မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းတည်ဆောက်ရန် လာရောက်စုံစမ်းသည့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူများ ရှိခဲ့ကြောင်း၊ ယခုကိစ္စသည် စီးပွားရေးတိုးတက်ရန်နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် ဆက်လက်ယှဉ်ပြိုင်နိုင်ရန်အတွက် အရေးကြီးသည့် အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း ဦးသိမ်းဝေက ပြောကြားသည်။
“ဒီနေရာမှာ ကြုံတွေ့နေရတဲ့ အဓိကပြဿနာက ဒီထုတ်ကုန်စက်ရုံတွေရဲ့ အဆောတလျင် ရွှေ့ပြောင်းလုပ်ကိုင်လိုမှုပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ဒီကုန်ထုတ်စက်ရုံတွေကိုလည်း နေရာချထားပေးနိုင်ပြီး အခွင့်အရေးကောင်း လက်လွတ်မခံရအောင် စက်မှုဇုန်ပထမအသုတ်ကို နိုင်ငံတကာစံနှုန်းတွေ၊ စည်းမျဉ်းတွေနဲ့အညီ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ အစီအစဉ်တစ်ခု ရေးဆွဲနိုင်ဖို့ ပြင်ဆင်နေပါတယ်” ဟု ဦးသိမ်းဝေက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်