
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက် ပွဲတွင် မွန်ညီညွတ်ရေးပါတီက ပဲခူးတိုင်းဒေ သကြီး၌ ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ် တော် မဲဆန္ဒနယ်နှစ်နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၁၉၉၀ ပြည့် နှစ်အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင် မွန်နိုင်ငံရေးပါတီများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ခြင်းမရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်မူ မွန်ညီညွတ်ရေးပါတီအနေဖြင့် ပထမဆုံးအကြိမ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မြေများ၌ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံသွား မည်ဖြစ်ကြောင်း သိရသည်။
“လာမယ့်ရွေးကောက်ပွဲမှာပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁) နဲ့(၂) မှာမွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်းနှစ်ဦးဝင်ရောက် ယှဉ်ပြိုင်အ ရွေးချယ်ခံသွားမှာဖြစ်ပါတယ်” ဟု မွန်ညီ ညွတ်ရေးပါတီတွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောကြားသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ပု လောမြို့နယ်နှင့် ကော့သောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မြေတစ်နေရာ တိုးမြှင့်သွားယှဉ်ပြိုင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း နိုင်စံတင်က ဆိုသည်။
မွန်ညီညွတ်ရေးပါတီအနေဖြင့် အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်း ဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် ပေါင်မြို့ နယ်တို့တွင် မဲဆန္ဒနယ်အပြည့်ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ကရင်ပြည် နယ်အတွင်း ဘားအံမြို့နယ်၌ အမျိုးသား လွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာ၊ ကော့ကရိတ်မြို့နယ်၌ ပြည်သူ့ လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ် တော်နှစ်နေရာ၊ ပြည်နယ်လွှတ်တော်နှစ် နေရာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၌လည်း ပြည်သူ့လွှတ်တော်တစ်နေရာ၊ အမျိုးသား လွှတ်တော်နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ၏ ဇူလိုင် ၂၇ ရက် ထုတ်ပြန်ချက် များအရ သိရသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေဖြူမြို့နယ်၌ တိုင်းဒေသကြီးလွှတ်တော်တစ်နေရာ၊ ဘုတ်ပြင်းမြို့နယ်၌ တိုင်းဒေသကြီးလွှတ်တော်နှစ်နေရာနှင့် မြိတ်မြို့ နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှစ်နေရာနှင့် တိုင်းဒေသကြီးလွှတ် တော်နှစ်နေရာ၊ ရန်ကုန်တိုင်းဒေသကြီး၌ တောင်ဥက္ကလာပ၊ ဒေါပုံ၊ ရွှေပြည်သာ၊ ထန်းတပင်၊ သာကေတနှင့် စမ်းချောင်းမြို့နယ် များတွင် တိုင်းဒေသကြီးလွှတ်တော်တစ် နေရာစီနှင့် အမျိုးသားလွှတ်တော်တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံသွား မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်